Stop the Rakhine Civil War in Myanmar
မိမိတို့ ရခိုင်လူမျိုးများနှင့် ပြည်တွင်းစစ်မလိုလားသော တိုင်းရင်းသားညီအစ်ကိုတချို့ စစ်ရပ်စဲရေးအတွက် (၁-၅-၂၀၁၆) နေ့တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒထုတ်ဖေါ်ပွဲများကို အမေရိကန်၊ ဂျပန်၊ ရန်ကုန်မြို့နှင့် ရခိုင်ပြည်ရှိ မြို့များတွင် ပြည်တွင်းစစ်ရပ်စဲ ရေးအတွက် တောင်းဆိုဆန္ဒပြခဲ့သော်လည်း မြန်မာစစ်တပ်သည် ပြည်သူများ၏လိုလားချက်ကို မျက်ကွယ်ပြုကာ ရခိုင်ပြည်နှင့် တိုင်းရင်းသားဒေသအားလုံးနီးပါးတွင် ရန်လိုအငြိုးကြီးစွာဖြင့် မတရားထိုးစစ်ဆင် အနိုင်ကျင့်နေမြဲဖြစ်သောကြောင့် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် အစိုးရအား ဆက်လက်ဖိအားပေးလှုပ်ရှားရန် အရေးတကြီးလိုအပ်နေပါသည်။
သို့ဖြစ်ပါ၍ “အကြမ်းမဖက်နိုင်ငံရေးလှုပ်ရှားမှု” မြန်မာအစိုးရစစ်တပ် လက်ရှိကျူးလွန်နေသော လုပ်ရပ်များအား ချုံ့ချကန့်ကွက်သောအနေဖြင့် (Black and White) (အဖြူ အမဲ) လှုပ်ရှားမှု တစ်ရပ်ကို (၁၅-၅-၂၀၁၆) တနင်္ဂနွေနေ့တွင်တစ်ကြိမ်၊ (၂၂-၅-၂၀၁၆) တနင်္ဂနွေနေ့တွင်တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်ပြုလုပ်သွားမည်ဖြစ်ပါသောကြောင့် ရခိုင်ပြည်သူလူထုနှင့် စစ်မလိုလားသော တိုင်းရင်းသားညီအစ်ကိုများ ပူးပေါင်းပါဝင်ကြပါရန် စစ်မက်ဖြစ်ပွားရာဒေသအတွင်း မြန်မာအစိုးရစစ်တပ်၏ လူအခွင့်အရေးချိုးဖေါက်မှုဒါဏ်ခံစားနေရသော ပြည်သူများကိုယ်စား တောင်းဆိုလိုက်ရပါသည်။
လှုပ်ရှားရမည့်ပုံစံ------
မနက် (၉) နာရီမှ စတင်ကာ အဖြူရောင်ဖြစ်သော မည်သည့်အင်္ကျီအမျိုးအစားကိုမဆို ဝတ်ဆင်ထားပြီး မိမိရို့၏ နေ့တတူ ဝ အလုပ်များကို ပုံမှန်လုပ်ဆောင်ကြရန်။ ဥပမာ- (အောက်တွင်ပါသော Video ကိုကြည့်ပါ)
နေ့လည် (၃) နာရီအချိန်တွင် အမဲရောင်ထီးငယ်နှင့် Peace စာတန်းပါ အဖြူရောင်အလံငယ်ကို စိုက်ထားသော ရေချမ်းအိုးကို ယူဆောင်ကာ မိမိရို့မြို့ရွာများ၏ အထင်က ဘုရား၊ ပုထိုးများ ရှိရာနေရာများသို့ သွားရောက်ကာ ကပ်လှူပူဇော် ဆုတောင်းပေးကြပါရန်။
(မှတ်ချက်) ။ ။ ၂၂-၅-၂၀၁၆ နေ့တွင် ရေချမ်းအိုးတွင်ပါသော အမဲရောင်ထီးငယ်အစား မိမိတို့ပုံမှန်အသုံးပြုသော အမဲရောင်ထီးအကြီးများဆောင်းကာ အဖြူရောင် အင်္ကျီများကိုဝတ်ဆင်လျက် လှုပ်ရှားရန်

လှုပ်ရှားမှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်
အဖြူရောင်အဝတ်အစားနှင့် အဖြူရောင်အလံငယ် = သန့်စင်ခြင်း
အမဲရောင်ထီးငယ် = လက်ရှိရင်ဆိုင်နေရသော လူ့အခွင့်အရေးချိုးဖေါက်မှုဒါဏ်
ရေချမ်းအိုး = ငြိမ်းချမ်းခြင်း


on Tuesday, May 10, 2016

0 comments

Post a Comment