ရခိုင်တက္ကသိုလ်ကျောင်းသားများ အစိုးရ အရာထမ်းအမှုထမ်းများလည်း အလားတူ အစည်းအဝေးကျင်း ပပြီး ရခိုင်တစ်မျိုးသားလုံး အမြတ်တနိုးလေးစားအားထား ရသော ခေါင်းဆောင်ဆရာတော် ဦးစိန္တာအားဤသို့ မတရား ချုပ်နှောင်  ဖမ်းဆီးထားခြင်းသည် ရခိုင်တစ်မျိုးသားလုံးကို နိုင်ငံရေးချိုးနှိမ်ခြင်းလည်း ဖြစ်သည်။ အထူးသဖြင့် ဒုတိယ ကမ္ဘာစစ်ကြီးက ထပ်ဆင့်တိုးရောက်ရှိလာသော ရခိုင်လူငယ် များ၏ နိုင်ငံရေးနိုးကြားမှုကို ချိုးနှိမ်လိုက်ကြခြင်းဖြစ်သည်ဟု ယူဆကြပြီး ဦးစိန္တာအား လွှတ်ပေးရန် အာဏာပိုင်များထံ အကြိမ်ကြိမ်တောင်း ဆိုကြသည်။ ဦးစိန္တာလွတ်မြောက်ရေးအ တွက် တောရောမြို့ပါ ပြည်သူလူထုတို့ ဆန္ဒပြတောင်ဆိုမှုနှင့် ပတ်သတ်၍ သတင်းစာများတွင်လည်း နေ့စဉ်ရက်ဆက်ပါနေရာ ဘိလပ်အောက်လွတ်တော်တွင် ရခိုင်အရေးကို ဆွေနွေးမေးမြန် လာရသည်အထိ ပြဿနာကျယ်ပြန့်လာသည်။ လွတ်တော်အ မတ်များက မြန်မာနိုင်ငံဆိုင်ရာ ဗြိန်တိန်အောက်လွတ်တော်အမတ် အာသာဟန်ဒါဆင် (ARTHUR HINDER SON) အား ဦးစိန္တာ ဆိုတာ ဘယ်လိုပုဂ္ဂိုလ်လဲ၊ ဝန်ကြီးဦးဘချိုက ဓါးပြဗိုလ်ပါလို့ ဆို တယ်၊ ဒါပေမယ့် ဦးစိန္တာ တရာဟောတဲ့ပွဲတွေမှာ လူထုပရိတ် သတ် ခြောက်သောင်းအထိ တက်ရောက်နားထောင်ကြတယ်။ ဆိုတော့ ဒီဓါးပြဟာ ဘယ်လိုဓါးပြလဲ၊ ခပ်တည့်တည့်မေးသူများ ကလည်း မေးကြသည်။ ဟန်ဒါဆင်က ဒီလိုမဟုပ်ပါဘူး ဦးစိန္တာ ဟာ ရခိုင်မှာဂျပန်ကို စတင်တိုက်ပွဲဝင်ခဲ့တဲ့ ရခိုင်ခေါင်းဆောင် တစ်ဦးဖြစ်ပါတယ်။ ဖမ်းဆီးခြင်းမှာလည်း နိုင်ငံရေး အရဖမ်းဆီး ထားခြင်းဖြစ်ပါတယ်ဟု ဖြေဆိုခဲ့သည်။ ၄င်းအပြင် ဦးစိန္တာဟာ ရခိုင်ပြည်ကို မြန်မာပြည်ကခွဲထုပ်ရန် အစီအစဉ်ရှိသလား ဟု အောက်လွတ်တော်အမတ်များကမေးရာ ခွဲထွက်ဖို့ အစီအစဉ် ရှိတာကိုတော့ မတွေ့ရသေးဘူး။ ဒါပေမယ့် သူတို့အခြေခံ နယ်မြေမှာကာ မူလရှိပြီးသား ကျေးရွာလူကြီးများ ကိုဖယ်ရှားပြီး သူတို့၏ အုပ်ချုပ်ရေးအဖွဲ့နှင့် အစားထိုးအုပ်ချုပ်ရေး ချတာ ကိုတော့ တွေ့ရတယ်။ အစိုးရအား လယ်ခွန်မပေးရန်၊ အမတ်တော်ကြေးမပေးရန် လှုံဆော်မှုရှိတာ တွေ့ရတယ်ဟု စသည်ဖြင့် ဖြေကြားသွားသည်ဟု သိရသည်။

တဖက်တွင် ဦးစိန္တာဖမ်းဆီးခံရခြင်းနှင့် ပတ်သတ်၍ ဤသို့ပြည်တွင်းပြည်ပ စုံစမ်းမေးမြန်းနေကြစဉ် ရခိုင်လူထုကြီးမှာ လည်း ဦးစိန္တာလွတ်မြောက်ရေးအတွက် ဆန္ဒပြတောင်းဆိုမှုရှိနေ သည်မှာ နှစ်လနီးပါးရှိသွားပြီးဖြစ်သော်လည်း တစုံတစ်ရာ မျှော် လင့်ချက်မပေါ်လာသဖြင့် ဆန္ဒပြတောင်းဆိုရန် အားပျော့လာကြ သည်။ လူငယ်ပိုင်းကဆိုလျှင် ဆန္ဒမပြလိုတော့ဘဲ လက်နက်ကိုင် တိုက်ပွဲဝင်ရန် ဆန္ဒပြင်းသည်ထက် ပြင်းလာသဖြင့် ခေါင်းဆောင် များတားထားသည့်ကြားကပင် ရန်သူစခန်းအချို့ကို သွားရောက် တိုက်ခိုက်သိမ်းပိုက်သည်အထိ ဖြစ်လာသည်။ သီးစားခ၊ လယ် ခွန်တော်၊ အမတော်ကြေးများလည်း မည်သူမျှမပေးကြတော့ချေ။ ထို့ကြောင့် ရခိုင်တိုင်းမင်းကြီးဦးမောင်ကျော် (ရခိုင်တော်လှန်ရေး ကို အစိုးရအဖွဲ့မှနေ၍ ကူညီမည်ဟုကတိပေးခဲ့သူ) က (၁၁-၅- ၄၇) နေ့တွင် ရန်ကုန်သို့သွားပြီး ရခိုင်ပြည်ဆူပူမှုကို နှိမ်းနှင်းရန် စစ်သားတစ်ထောင်ပေးပါဟု တောင်းဆိုသည်ကို ဘုရင်အတိုင်ပင် ခံ --- အစိုးရက ခေတ်မီလက်နက်များတပ်ဆင် ထားသော စစ်သားနှစ်ထောင်ကို ချက်ချင်းရခိုင်ပြည်သို့ ပို့လိုက် သည်ဟု ဆိုသည်။ ထိုအခါ ရခိုင့်တော်လှန်ရေးလက်နက်ကိုင် တပ်ဖွဲ့များသည်လည်း မိမိရှိသမျှအင်အားနှင့် ရန်သူ၏ထုထည် ကြီးမားသော ခေတ်မီလက်နက်များ တပ်ဆင်ထားသော အင်အား ကို ရန်ဆိုင်ရန်အသင့် ပြင်ဆင်ထားရတော့သည်။ ဘုံပေါက် သာကျော်၊ ဦးလွန်းသာအောင်၊ ဦးစိန်ထွန်းအောင် စသော ရခိုင်ခေါင်းဆောင်များက တောက်လောင်တော့မည့် စစ်မီး ကို အေးလိုအေးငြား မင်းပြားမြို့နယ်တွင် လူထုဆန္ဒပြပွဲတစ်ခု ကျင်းပကြပြန်သည်။ မင်းပြားမြို့တွင် မိုးဦးကျကလည်း တစ် ကြိမ် ထောင်ပေါင်းများစွာသော လူထုကြီးက ဆန္ဒပြခဲ့ကြသေး သည်။ ဤတကြိမ်ကား လယ်သမားများလယ်ထွန် ချိန်ဖြစ်၍ လူထုဆန္ဒပြရာတွင် လူထုပရိတ်သတ် မိုးဥကျလောက်က မများပေ။ သို့သော်လည်း ရာပေါင်းများစွာသော လူထုကြီးသည် အလုပ်ပျက်အကိုင်ပျက်ကာ မိုးထဲလေထဲပင်ပန်းကြီးစွာ ရေ တတန်၊ ကုန်တတန် ချီတက်လာခဲ့ကြသည်။ မင်းပြားမြို့ သို့ ရောက်ခါနီး ရာမောင်မြစ်ကိုပထမအသုတ် ဖြတ်ကူး လာသော လှေစုကြီးကို ဖ-ဆ-ပ-လ ၏တပ်မတော်သားများက ဘရင်းဂန်း၊ တော်မီဂန်းများ၊ ရိုင်ဖယ်သေနတ် စသည့် လက်နက် မျိုးစုံဖြင့် တစ်ပြိုင်နက်ပစ်ခတ်ရာ သေသူသေ၊ ဒါဏ်ရာ ရသူရနှင့် လူထုဆန္ဒပြပွဲကြီး ဖရိုဖရဲပြီးဆုံးသွားရသည်။ ပွဲချင်းပြီး နှစ်ယောက်သေ၍ ဒါဏ်ရာရသူများထဲမှ နောက်သေသူများ ပါယောက်ျား၊မိန့်မအားလုံးသူ (၁၀ ) ကျော်သည်ဟု သိရသည်။ ဤသတင်းကို ကြားရသောအခါ ရခိုင်ပြည်လူထုကြီးသာမက ဗမာလူထုအချို့ပင် မခံမရပ်နိုင်ဖြစ်လာကြပြီး ဖ-ဆ-ပ-လ အစိုးရ ၏ ယုတ်မာသော အပြုအမူသည် ရိုင်းစိုင်းရက်စက်လွန်းကြောင်း၊ နှစ်ပေါင်းတစ်ရာကျော် နယ်ချဲ့အင်္ဂလိပ် ဖိနိုပ်မှုအောက်တွင် အတူ တကွရုန်းကန်လှုပ်ရှားရာမှ ရခိုင်ဗမာပြည်ချစ်ကြည်ရေးကိုပင် ထိခိုက်လာနိုင်သဖြင့် သခင်လေးမောင် ဦးဆောင်သော ဗမာ့ခေါင်ဆောင်များနှင့် ဒို့လက်ရုံးဦးစံရွှေ ဦးဆောင်သော ရခိုင်ခေါင်းဆောင်များ စုပေါင်းညှိနှိုင်းကြပြီး ဖ-ဆ-ပ-လ အစိုးရ လုပ်ရပ်ကို ရှုံ့ချကြရာ ဖ-ဆ-ပ-လ အစိုးရက ဂရုမစိုက်သည့် အပြင် သခင်လေးမောင်နှင့် ဦးစံရွှေတို့အား ဖမ်းဆီးလိုက်သေး သည်။ ဗမာသတင်းစာများကလည်း ဦးစိန္တာကို လွှတ်သင့်ကြောင်း ဦးစိန္တာအား ဤသို့ဖမ်းဆီးထားခြင်းမှာ ဦးစိန္တာ ဖ-ဆ-ပ-လ လက်အောက်သို့ မဝင်၍ ဖ-ဆ-ပ-လ က နိုင်ငံရေးဖိနှိပ်ခဲ့ပြီ စသည်ဖြင့် ရေးသား၍ အစိုးရအားတိုက်ခိုက်ကြသည်။
ဤသို့ ဘက်ပေါင်းစုံမှ ဦးစိန္တာလွတ်မြောက်ရေးအတွက် အရေးဆိုတိုက်ပွဲဝင်ကြသော်လည်း --- အစိုးရက မင်းပြားဆန္ဒပြလူထုအား သေနတ်နဲ့ပစ်သတ်တာဟာ အစိုးရပစ် တာမဟုပ်ပါဟု မလောက်မလေး ပြောဆိုလာကြသေးသည်။ ထို့ကြောင့်ဘုံပေါက်သာကျော်၊ ဦးလွန်းသာအောင်စသော --- ခေါင်းဆောင်များသည် လက်နက်ကိုင်တော်လှန်ရေးကို စကြရတော့သည်။ မြေပုံညီလာခံက ရခိုင်ပြည်လက်ဝဲ ညီညွတ်ရေး တပ်ပေါင်းစု ဥက္ကဌ ဦးကျော်မြ ( ရခိုင်တိုင်း ဗကပ ခရိုင်ကော်မတီ) ကိုလည်း ဤအကြောင်းနှင့်ပတ်သတ်၍  အကြောင်းကြားသည်။ ဦးကျော်မြ သဘောတူသော်လည်း ထိုစဉ်က ရခိုင်တိုင်းဗကပမှာ အမည်လောက်သာရှိသည်။ အင်အားတစ်စုံတရာမရှိသေး၍ ဘုံပေါက်သာကျော် ဦးစီးသော ( ---) က တပ်စုတစ်စုစာ လက်နက် ကူညီခဲ့ရသည်။ လက်နက်ရသည်နှင့်တပြိုင်နက် ရခိုင်တိုင်းဗကပလည်း တိုက်ပွဲ အချို့စတိုက်လာခဲ့သည်။ ရ-ပ-လ-ဖ တပ်များကတော့ ဇွန်လ ဆန်းကပင် လက်နက်ကိုင်တိုက်ပွဲကို အချို့နေရာများတွင် စထားပြီးဖြစ်သဖြင့် ဇူလှိုင်လဆန်းပိုင်းလောက်တွင်ကား ကျေးရွာ အုပ်စုများတွင်ချထားသော ရန်သူ ဖ-ဆ-ပ-လ တပ်များအားလုံး လိုလိုကို ချေမှုန်းတိုက်ဖျက်နိုင်ခဲ့သည်။ ဤသို့လျှင် အင်္ဂလိပ် ဘုရင် အတိုင်ပင်ခံ ဖဆပလအစိုးရ၏ ခေတ်မီလက်နက် အပြည့် တပ်ဆင်ထားသော ကျင့်သားရနေပြီးသော ကြေးတပ်၊ ရေတပ် အင်အားနှစ်ထောင်ကျော်တစ်ဘက်၊ ဒုတိယ ကမ္ဘာစစ်တုန်းက တထောင်ပင်မပြည့်သော မြီးကျိုးမောင်းပျက် လက်နက်များ၊ ၂၀% လောက်သာပေါက်သော ကျည်ဆံဟောင်း များဖြင့် တပ်ဆင်ထားသော --- ပြောက်ကျားရဲဘော်များ နှင့် ဗက (ရခိုင်တိုင်း) အင်အား တစ်ရာခန့်တို့၏ စစ်ရေးမဟာမိတ်များက တစ်ဘက် ရခိုင်ပြည်တွင် ပြည်တွင်းစစ် စခဲ့ရလေပြီး။
  အဘယ်ကြောင့် သူပုန်ထခဲ့ရပါသလဲ
ရခိုင်ပြည်တွင် ဤသို့သူပုန်ထလာခြင်း၏ အဓိက အကြောင်းမှာ အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်း (၁) နာယက ဆရာတော် ဦးစိန္တာကို ဖမ်းဆီးခြင်း (၂) မင်းပြားဆန္ဒပြလူထုကို သတ်ဖြတ်ခြင်းတို့ဖြစ်သည်။ သူပုန်ထရခြင်း၏ ဝေးလံသော အကြောင်းခံ (REMOTE AUSES)  ကားဤသို့ဖြစ်၏။ `
၁၉၄၅-ခု သြဂုတ်လ (၁၂) ရက်တွင် ဂျပန်တို့က အင်္ဂလိပ်၊ အမေရိကန် မဟာမိတ်များထံတွင် ချွင်းချက်မရှိ လက်နက်ချပြီး ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးခဲ့သည်။ ဤနေ့ မတိုင်မှီ ၁၉၄၄ ခု ဒီဇင်ဘာလဆန်းရက်များကပင် ဦးစိန္တာဦးစီးသော ရခိုင်ပြောက်ကျားတပ်များသည် အင်္ဂလိပ်အမေရိကန်မဟာမိတ် တပ်များနှင့် ပူးပေါင်းပြီး ရခိုင်ပြည်မှ ဖက်ဆစ်ဂျပန်တပ်များ အား တော်လှန်တိုက်ခိုက်ခဲ့လေပြီ၊ ဂျပန်တို့လည်း ခုခံရင်းနှင့်ပင် ရခိုင်စစ်မျက်နှာကို တဖြည်းဖြည်းဆုပ်ခွာလာရာ မတ်လ ကုန်လောက်ဆိုလျှင် ရခိုင်ပြည်တွင် ဂျပန်တပ်များပင် မကျန်ေ တာ့ချေ၊ ဂျပန်တပ်များ မရှိသည်နှင့်တပြိုင်နက် ရခိုင်ပြည်တွင် အင်္ဂလိပ် စစ်အုပ်ချုပ်ရေးချလာသည်။ ထိုအခါ အင်္ဂလိပ်စစ် သားများ ရခိုင်လူမျိုးများအပေါ် အမျိုးမျိုးရမ်းကားလာသည်။ ဦးစိန္တာနှင့်တကွသော ရခိုင်ခေါင်းဆောင်များအား ဂျပန်ကို ကူခဲ့ သည်ဆိုကာ ဝရမ်းထုတ်၍ဖမ်းဆီးလာသည်။ ရွာများကိုမီးရှုံ့ လာသည်။ အချို့ဒေသများတွင် ယောက်ျားများကို ရွာပြင်ထုတ်ပြီး အရွယ်ရှိသော အမျိုးသမီးအားလုံးကို အင်္ဂလိပ်စစ် သားများက မုဒိမ်းကျင့်သည်အထိ ယုတ်မာလာသည်။ ဤကဲ့နိုင်ငံရေးကိုသာ ချိုးနှိမ်သည်မဟုပ် စီးပွားရေးတွင်လည်း ဖိနှိပ်အနိုင်ကျင့်သေး သည်။ ၁၉၄၂- ခု မတ်လမှ ၁၉၄၅- ခု မတ်လအထိ သုံးနှစ်တိတိ အင်္ဂလိပ်နှင့် ဂျပန်တို့သည် ရခိုင်စစ်မျက်နှာတွင် ကြေး၊ ရေ၊ လေ တပ်မျိုးစုံဖြင့် တဘက်နှင့် တစ်ဘက် အပြင်းအထန် တိုက်ပွဲ ဆင်နေကြသည်။ ထိုတိုက်ပွဲများ အကြားအတွင်း ဗုံးဒါဏ်ရာ၊ အမြောက်သေနတ် ဒါဏ်ရာများကြားတွင် သက်စွန့်ကြိုးဖမ်း ပင်ပန်းကြီးစွာလုပ်၍ ရလာသော ဂျပန်ငွေစက္ကူများကို အင်္ဂလိပ် စစ်အုပ်ချုပ်ရေး ရောက်လာသောအခါ သုံးခွင့်မပြုတော့ပေ၊ သို့နှင့် ရခိုင်ပြည်သူများမှာ သုံးစွဲရန်ငွေဆို၍ တပြားမျှမရှိသောအဖြစ် သို့ ရောက်သွားရသည်။ ဤငွေရေး၊ ကြေးရေး စီးပွားရေး အကြပ်ရိုက်နေချိန်တွင် အင်္ဂလိပ် အစိုးရတပ်များက လယ်သမား များအပေါ် မြေခွန်ကောက်ခြင်း၊ အမတော်ကြေး အဟောင်း များ ပြန်ဆပ်ခိုင်းခြင်း၊ သီးစားခတောင်းခြင်းများကို ပြုလာသည်။ ဤသို့သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအစစ အရာရာ အဖိနှိပ်ခံလာရသောအခါ ရခိုင်ပြည်သူများသည် အင်္ဂလိပ်အစိုးရ အား များစွာမုန်းတီးလာသည်။ အင်္ဂလိပ်ကို တိုက်ထုတ်နိုင်မှသာ ဤဖိနှိပ်မှုဒါဏ်မှ လွတ်နိုင်မည်ဟုမြင်လာသည်။ တဖက်တွင် ဤသို့ အင်္ဂလိပ်အစိုရအား တော်လှန်တိုက်ပွဲဝင်ရန် ဆန္ဒပြင်ပြမှု ကိုတွန်းအားပေးသော ဒုတိယကမ္ဘာစစ်အတွင်းက ရထား လိုက်သော လက်နက်ကြီးငယ် ခပ်များများသည်လည်း ရခိုင်ပြည်သူများ လက်ထဲတွင် အဆင်သင့် ဖြစ်နေသည်။ ဤကဲ့သို့ အခြေအနေများကြောင့် လပေါင်းများစွာကပင် ရခိုင်ခေါင်းဆောင်များနှင့် ရခိုင်လူထုတရပ်လုံးပါ အင်္ဂလိပ်ကို လက်နက်ဖြင့်တော်လှန်တိုက်ခိုက်ရန် စိုင်းပြင်း လျှက်ရှိကြသည်။ ဗမာပြည်ဘက်မှ ဗမာခေါင်းဆောင် များဖြစ်သော ဗိုလ်ချုပ်အောင် ဆန်း၊ သခင်မြ၊ သခင်သန်းထွန်း၊ သခင်စိုးစသော ခေါင်းဆောင် များသည်လည်း အင်္ဂလိပ်အစိုးရအား လယ်ခွန်တော်မပေးရေး၊ အမတော်ကြေး ပြန်မဆပ်ရေး၊ စသည့်လယ်သမား အခွင့်အရေး များကို ၁၉၄၇- ခု နှစ်ဆန်းပိုင်းအထိ တိုက်ပွဲဝင်ခဲ့ကြသည် သာမက အင်္ဂလိပ်အစိုးရအား လက်နက် ကိုင်တော်လှန်ရန်လည်း ရခိုင်ခေါင်းဆောင်များနည်းတူ အစီအစဉ် ရှိခဲ့သည်။ နောက်ပိုင်း မှာ သာဘရောက်ဒါဝါဒ (အမေရိကန် ဆိုရှယ်လစ်ခေါင်းဆောင် တစ်ဦးဖြစ်သူ မစ္စတာဘရောက်ဒါက ဤဒုတိယ ကမ္ဘာစစ်ကြီး အပြီးတွင် ကိုလိုနီဝါဒီအစိုးရများအား လက်နက်ကိုင်တော်လှန် တိုက်ခိုက်ရန်အမလိုဘဲ ကိုလိုနီနိုင်ငံများ လွတ်လပ်ရေး ရလာနိုင်ကြောင်း ကြေငြာခဲ့သည့်ဝါဒဖြစ်သည်။) ဝင်လာ၍ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗမာခေါင်းဆောင်အချို့ စိတ်ပြောင်း သွားကြသည်ဟုဆို၏။ ရခိုင်ပြည်တွင်ကား ဆရာတော် ဦးပညာသီဟနှင့် ဦးညိုထွန်းစသော ရခိုင်ခေါင်းဆောင် အနည်းစု ကသာ ဘရောက်ဒါဝါဒကိုလက်ခံပြီး ဦးစိန္တာနှင့် များစွာသော ရခိုင်ခေါင်းဆောင်များမှာ ဘရောက်ဒါဝါဒကို လက်မခံဘဲ နယ်ချဲ့အင်္ဂလိပ်အား လက်နက်ကိုင်တော်လှန်နိုင်မှ စစ်မှန်သော လွတ်လပ်ရေးကိုရမည်ဆိုသော ခံယူချက်ကို စွဲမြဲစွာ  ဆုပ်ကိုင် ထားခဲ့ကြသည်။ ဤသည်တို့ကား သူပုန်ထရခြင်း၏ ဝေးလံသော အကြောင်းခံများဖြစ်သည်ဟု ဆိုရပေမည်။
ရခိုင်သူပုန်ချေမှုန်းရေး ကျော်ဇောစီမံကိန်း။
အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်း ၁၉၄၇-ခု နှစ်လယ်

Read More
on Tuesday, November 1, 2016