နှိုင်းယှဉ်လေ့လာခြင်းဖြင့် အကျိုးကျေးဇူးအများအပြားရရှိနိုင်ပါသည်။ မိမိနိုင်ငံ၏စနစ်ကို သုံးသပ်ဆင်ခြင်လျှက် လိုအပ်ပါက ပိုမိုကောင်းမွန်အောင်ပြုပြင်နိုင်ပါမည်။ လူ့အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု မတူညီမှုများ၊ မတူညီရခြင်းအကြောင်းအရင်းများ၊ မတူညီမှု၏ အကျိုးဆက်များကိုလည်း နားလည်သဘောပေါက်စေရန် အထောက်အကူပြုပါသည်။ မည်သည့်သွင်ပြင် လက္ခဏာ များရှိပါက ကောင်းမွန်သောအကျိုးသက်ရောက်မှုဖြစ်ပြီး မည်သည့်ချဉ်းကပ်ပုံကိုကျင့်သုံးပါက မိမိ၏ရည်ရွယ်ချက် များကို အကောင်းဆုံးဖေါ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိမြင်လာနိုင်ပါသည်။ နှိုင်းယှဉ်လေ့လာသော ချဉ်းကပ်ပုံတွင် နိုင်ငံအများ ကျင့်သုံးလျှက်ရှိသော အဖွဲ့အစည်းအချို့နှင့် လုပ်ငန်းစဉ်အချို့ကိုရွေးချယ်ပြီး တူညီမှုများနှင့် ကွဲပြားခြားနားမှုများကို ဆန်းစစ်ပါသည်။ တူညီသောသွင်ပြင်လက္ခဏာများနှင့် ဆန့်ကျင်နေသော သွင်ပြင်လက္ခဏာများကို ခွဲခြားဖေါ်ထုတ်နိုင်စေမည့် ဖြစ်ရပ်များကို နှစ်ခုသို့မဟုပ် နှစ်ခုထက်ပို၍ ရွေးချယ်လျှက်သုံးသပ်ခြင်းဖြင့် အလိုရှိရာကိစ္စရပ်များ၊ အဖွဲ့အစည်းစနစ်များ၊ မူဝါဒများနှင့် လုပ်ငန်းစဉ်များကို ဆန်းစစ်လေ့လာနိုင်ပါသည်။

          ပြည်သူ့အုပ်ချုပ်ရေးနှင့် အုပ်ချုပ်ပုံစံများကို ပြုပြင်ရန်ရှိသောအခါ အထူးသဖြင့် တိုင်းရင်းသားလူမျိုးများသို့မဟုပ် ယဉ်ကျေးမှုအရ မတူကွဲပြားမှုများပြားနေသောအခြေအနေတွင် ဤသို့သော စနစ်ပြင်ဆင်မှုမျိုးလုပ်ဆောင်ရမည့်အခါ ဤလေ့လာနည်းမှာ အထူတလည်အထောက်အကူဖြစ်ပါသည်။ ပြည်သူ့အုပ်ချုပ်ရေးအပိုင်းတွင် တိုင်းရင်းသားဆိုင်ရာများနှင့် စပ်လျဉ်း၍ အဓိကသတိပြုရမည့်အချက်မှာ လူမျိုးတမျိုးတည်းရှိသော အဖွဲ့အစည်းများတွင် ဖေါ်ထုတ်ကျင့်သုံးလျှက်ရှိသော သဘောတူညီချက်နှင့် လုပ်ငန်းဆောင်ရွက်မှု စီမံခန့်ခွဲသည့် လုပ်နည်းလုပ်ဟန်များကို တိုင်းရင်းသားလူမျိုးများပြာသော နိုင်ငံများတွင် ပုံတူကျင့်သုံးမိတတ်ခြင်းဖြစ်ပါသည်။ ဗဟိုချုပ်ကိုင်မှုလျော့ချသည့်လုပ်ငန်းစဉ်များအတွက်လည်း အလားတူပင်ဖြစ်ပါသည်။ ဗဟိုချုပ်ကိုင်မှုလျော့ချခြင်းကို လုပ်ငန်းပိုင်သက်သက်အနေဖြင့် မကြာခဏ ဆွေးနွေးရေးသားတတ် ကြသော်လည်း စင်စစ်နိုင်ငံအများအပြားတွင် ဗဟိုအစိုးရနှင့် ဝေးကွာနိုင်သောအလားအလာ၊ တကွဲတပြားဖြစ်သွားနိုင်သော အလားအလာ၊ တိုင်းရင်းသားပဋိပက္ခဖြစ်ပွားနိုင်သည့် အန္တရာယ်တို့ကို ထောက်ရှု့လျက် ဂရုတစိုက် ချိန်ဆဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါသည်။
            ဤနေရာတွင် အခြားအရေးပါသောအကြောင်းအရာတစ်ရပ်မှာ အဂတိလိုက်စားမှုဖြစ်သည်။ အဂတိလိုက်စားမှုကို သီးခြားရှုမြင်ခြင်းမပြုဘဲ ကောင်းမွန်သော အုပ်ချုပ်မှု၊ ထိရောက်တွင်ကျယ်သော ပြည်သူ့အုပ်ချုပ်မှု ဖြစ်စေမည့် ရေရှည်တည်တန့်နိုင်သော စွမ်းဆောင်ရည်တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းအဆင့်အသီးသီး ဆောင်ရွက်နိုင်မှုအခြေအနေ အတွင်းသို့ ထည့်သွင်းရှု့မြင်ခြင်းဖြစ်သည်။ အုပ်ချုပ်ရေးနှင့် ဖွံ့ဖြိုးရေးချိတ်ဆက်ပုံကို လွန်ခဲ့သော နှစ်များအတွင်းပိုမို၍ နားလည်သဘောက်ပေါက်လာကြသည်နှင့်အမျှ အဂတိလိုက်စားမှုသည် ကြီးမားသောပြဿနားဖြစ်ကြောင်း နိုင်ငံတကာက အသိအမှတ်ပြုလာကြခြင်းမှာ မှတ်သားဖွယ်ဖြစ်ပါသည်။ ကျင့်ဝတ်ပိုင်းနှင့် ဥပဒေပိုင်းထည့်သွင်းစဉ်းစားရမည့် အကြောင်းအ ချက်များအပြင် အဂတိလိုက်စားမှုသည် လုပ်ငန်းဆောင်ရွက်မှု ထိရောက်ရေးကို ပျက်ပြားစေကြောင်း၊ အရင်းအမြစ်များ ခွဲဝေသတ်မှတ်ပေးရာတွင်လည်း ထိရောက်တွင်ကျယ်စွာ လုပ်ဆောင်နိုင်သူများထံ မရောက်ရှိတော့ဘဲ ရိုးသားမှုကင်းမဲ့သူများ က ရယူသွားကြကြောင်း၊ များသောအားဖြင့် ဆင်းရဲသားများကို အထိခိုက်ဆုံးဖြစ်ကြောင်းခိုင်မာသော အထောက်အထားများ ကို သိပ္ပံနည်းဖြင့်ဖေါ်ထုတ်တွေ့ရှိထားပြီးဖြစ်သည်။ ဒီမိုကရေစီထွန်းကားရေး ဗဟိုချုပ်ကိုင်မှုလျော့ချရေး၊ ဖဒရယ်စနစ်ကျင့် သုံးရေး တွင်ကျယ်စွာဆောင်ရွက်ရန် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးစနစ်ကို အသွင်ပြောင်းလဲရေး ရည်ရွယ်လုပ်ဆောင်နေသည့် နိုင်ငံတနိုင်ငံတွင် ယင်းသို့ဖြစ်ပွားမည်ဆိုပါက အခြေအနေလွန်စွာဆိုးရွားသွားနိုင်ပါသည်။
            ကမ္ဘာတစ်ဝန်း နိုင်ငံရေးနှင့် အုချုပ်ရေးစနစ်များကို နှိုင်းယှဉ်လေ့လာရာတွင် ကောင်းမွန်သော အုပ်ချုပ်မှုမှာ မဏ္ဍိုင်လေးရပ်အပေါ် အခြေပြုသည်ဟု ပညာရှင်များသဘောတူညီကြပါသည်။ ယင်းမဏ္ဍိုင်လေးရပ်မှာ တာဝန်ခံမှု (accountability)၊ ပွင့်လင်းမြင်သာမှု (transparency)၊ ကြိုတင်ခန့်မှန်းသိရှိနိုင်မှု ( predicatability) နှင့် ပါဝင်ဆောင်ရွက်မှု ( participation) တို့ဖြစ်ပါသည်။ တာဝန်ခံမှု (accountability) မှာ အစိုးရအရာရှိများအနေဖြင့် ၄င်းတို့၏လုပ်ဆောင်မှုများအ တွက် တာဝန်ယူစေနိုင်သော စွမ်းရည်ရှိခြင်းကိုဆိုလိုပါသည်။ ပွင့်လင်းမြင်သာမှု ( transparency) ဆိုသည်မှာ ကုန်ကျစရိတ် အနည်းငယ်မဖြင့် သက်ဆိုင်ရာ သတင်းအချက်အလုပ်များကို ရယူနိုင်ခြင်းဖြစ်ပါသည်။ ကြိုတင်ခန့်မှန်းသိရှိနိုင်မှု (predictavility) ဖြစ်စေရန် အဓိကအားဖြင့် စည်းကမ်းဥပဒေများ ရှင်းလင်းပြီး မှန်းဆသိရှိခြင်း လိုက်နာစေရေ တဖြည်းညီထိရောက်စွာ အရေးယူဆောင်ရွက်ခြင်းတို့ ရှိရပါမည်။ ပါဝင်ဆောင်ရွက်မှု (participation) ရှိခြင်းအားဖြင့် ယုံကြည်စိတ်ချရသော အချက်အလက်များရှိပြီး နိုင်ငံတော်အစိုးရ၏လုပ်ဆောင်မှုအပေါ် ပကတိရှိတရားနှင့်ကိုက်ညီစေရေး စစ်ဆေးပေးနိုင်မည်ဖြစ်ပါသည်။ ဤနေရာတွင် မဏ္ဍိုင်တစ်ခုခုမရှိပါက အခြားမဏ္ဍိုင်များပါ ယိုင်လဲသွားမည်ဖြစ်ကြောင်း သတိပြုရန်အထူးလိုအပ်ပါသည်။ တနည်းအားဖြင့် မဏ္ဍိုင်အားလုံးလိုအပ်သော်လည်း အခြားမဏ္ဍိုင်နှင့်ကင်း၍ လုံလောက်မှုမရှိဟု ဆိုရပါမည်။ ဥပမာ အုပ်ချုပ်မှုအပိုင်းပွင့်လင်းမြင်သာမှုမရှိဘဲ လျှော့ဝှက်လုပ်ဆောင်နေကြသည့်ပတ်ဝန်း ကျင်တွင် တာဝန်ခံမှုမှာ အနှစ်သာရမရှိနိုင်ပါ။ အကျိုးဆက်များကို ကြိုတင်ခန့်မှန်းမသိရှိနိုင်ပါက တာဝန်ခံမှုမှာလည်း အဓိပ္ပါယ် ကင်းမဲ့နေမည်သာဖြစ်ပါသည်။ မဏ္ဍိုင်လေးရပ်လုံးခိုင်မာပြီး အပြန်အလှန်ဆက်စပ်လုပ်ဆောင်လျှက်ရှိမှသာ ခိုင်မာသောပြည်သူ့စီမံခန့်ခွဲမှုကို အောင်မြင်စွာဖေါ်ဆောင်နိုင်ပါမည်။ ထိုအပြင်ယင်းအယူအဆများကို လက်ခံထားရုံမျှဖြင့် အဆုံးမသတ်စေဘဲ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အားလုံးတွင် လက်တွေ့ကျင့်သုံးနိုင်ရန်ဆောင်ရွက်ရပါမည်။ ဥပမာ တာဝန်ခံမှုအယူအဆကို လက်တွေ့ကျင့်သုံးနိုင်ရန် မည်သူက မည်သူ့ထံမည်သည့်အတွက် တာဝန်ခံရမည်ဟူသော သတ်မှတ်ချက်လိုအပ်ပါသည်။ ပွင့်လင်းမြင်သာမှုရှိသည်ဆိုလျက် အတွင်းရေးလျော့ဝှက်ရန်လိုအပ်ချက်၊ တဦးချင်းလွတ်လပ် လုံခြုံမှုဆိုင်ရာ လိုအပ်ချက်များကိုထိပါမည်ဆိုလျှင်လည်း ပြဿနာဖြစ်ပါလိမ့်မည်။ လုပ်ငန်းထိရောက်တွင်ကျယ်မည်မဟုတ်၊ သို့မဟုတ် အဂတိလိုက်စားလိမ့်မည်ဟု အပြည့်အဝကြိုတင်ခန့်မှန်းသိရှိခြင်းမှာလည်း ထိုမျှနှင့်ရပ်တန့်နေမည်ဆိုပါက မည်သည့်အကျိုးကျေးဇူးမျှ လောက်လောက်လားလားရရှိနိုင်မည်မဟုပ်ပါ။ ပါဝင်ဆောင်ရွက်မှုမှာလည်းအရာရာတိုင်းတွင် အားလုံးတဦးမကျန်ပါဝင်ဆောင်ရွက်ရန်မှာ ဖြစ်နိုင်သောကိစ္စမဟုပ်ပါ။ သို့ရာတွင်နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဝန်ဆောင်မှုများဖြည့်ဆည်းပေးရေး အစီအစဉ်ရေးဆွဲနိုင်ရန်လည်းကောင်း ပုဂ္ဂလိကကဏ္ဍအနေဖြင့် ထုတ်လုပ်မှု၊ ဈေးကွက်ရှာဖွေမှုနှင့် ရင်းနှီးမြှုပ်နံမှု ဆုံးဖြတ်ချက်ချရာတွင် လမ်းညွန်အဖြစ်အသုံးပြုနိုင်ရန်လည်းကောင်း၊ နိုင်ငံတော်အစိုးရ၏လုပ်ဆောင်ချက်များ ကို ကြိုတင်ခန့်မှန်းသိရှိရန်နှင့် စည်းမျဉ်းများကို ရှေ့ကနောက်ညီစွာ ကျင့်သုံးရန်လိုအပ်ပါသည်။ အုပ်ချုပ်ရေးကဏ္ဍ၊ ဥပဒေပြုကဏ္ဍနှင့် ပြည်သူတို့မှာ သတင်းအချက်အလက်ပြည့်စုံစွာ ရရှိကြစေရန် အုပ်ချုပ်မှု သတင်းအချက်အလက်များ ပွင့်လင်းမြင်သာရှိမှု မဖြစ်မနေလိုအပ်ပါသည်။ လုပ်ပိုင်ခွင်ရှိသော ဥပဒေပြုဝန်ထမ်းများနှင့် စွမ်းဆောင်ရည်ပြည်ဝပြီး သီးခြားလွတ်လပ်သော လူထုဆက်သွယ်ရေးလုပ်ငန်းမီဒီယာတို့က ပုံမှန်စီစစ်ဖြည့်ဆည်းပေးနိုင်ပါသည်။ ပြည်သူ့မူဝါဒများနှင့် လုပ်ငန်းအစီအစဉ်များကို ထိရောက်တွင်ကျယ်စွာရေးဆွဲနိုင်ရန် အစိုးရဝန်ထမ်းများနှင့် ပြည်သူ့ဝန်ဆောင်မှု အခွင့်အရေးဟု ယူဆနိုင်ပါသည်။ တချိန်တည်းမှာ ပြင်ပမှပါဝင်ဆောင်ရွက်ခြင်း ဥပမာ လုပ်ငန်းဆောင်ရွက်မှုအပိုင်း ထိရောက်တွင်ကျယ်မှုကိုစောင့်ကြည့်စစ်ဆေး ခြင်းနှင့်ပြည်သူ့ဝန်ဆောင်မှုများအ သုံးပြုသူများက တုန့်ပြန်ပြောကြားခြင်းများသည် အလွန်အထောက် အကူပြုပါသည်။ တာဝန်ခံမှုမှာ ပြည်သူ့ရန်ပုံငွေများကို အသုံးပြုမှုနှင့် စပ်လျဉ်း၍လည်းကောင်း၊ ယင်းသို့သုံးစွဲခြင်း၏ ထွက်ပေါ်ရလဒ်များနှင့် စပ်လျဉ်း၍လည်းကောင်း အထူးလိုအပ်ပါသည်။
          အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်း ကဏ္ဍအားလုံးလိုအပ်ပြီး တခုအပေါ်တခု မှီခိုနေသော်လည်း တာဝန်ခံမှုမှာ အထူးသဖြင့် အရေးကြီးပါသည်။ အစိုးရဝန်ထမ်းများအနေဖြင့် ၄င်းတို့၏လုပ်ပိုင်ခွင့်အာဏာကို မည်သို့အသုံးပြုကြောင်း၊ ပြည်သူပိုင်အရင်းအမြစ်များကို မည်သည့်နေရာတွင်အသုံးပြုကြောင်း မည်သည့်လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက် နိုင်ကြောင်း မေးခွန်းများကို အချိန်ကာလသတ်မှတ်၍ ပုံမှန်ဖြေကြားပေးရန် သတ်မှတ်ချက်ထားရှိရပါမည်။ ထို့အပြင် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့အစည်း၏လုပ်ဆောင်မှုအကျိုးဆက်များမှာ ကြိုတင်ခန့်မှန်းသိရှိနိုင်ပြီး အဓိပ္ပါယ်ရှိရန်လိုအပ်ပါသည်။ တာဝန်ခံမှုနှင့်စပ်လျဉ်းသည့် အဖွဲ့အစည်းအတွင်း ချဉ်းကပ်ပုံများအား ပြည်သူ့ဝန်ဆောင်မှုအသုံးပြုသူများ (နိုင်ငံသားများ) က တုံပြန်ပြောကြားခြင်းကဲ့သို့သော ပြင်ပမှတာဝန်ခံမှုဖြင့် ဖြည့်ဘက်ဖြစ်စေရန်ဖြစ်ပါသည်။ ဗဟိုချုပ်ကိုင်မှုလျှော့ချရေး သို့မဟုတ် စီမံခန့်ခွဲမှုအပိုင်းကို လွတ်လပ်စွာဆုံးဖြတ်ဆောင်ရွက်ခွင့်ပေးခြင်းများ တိုးမြှင့်လုပ်ဆောင်ရန် အထူးအရေးကြီးပါသည်။ အထူးသဖြင့်ပိုမို ဆင်းရဲနွမ်းပါးသောနယ်မြေဒေသများ၊ ပြည်သူလူထုအုပ်စုများအတွက် ပြည်သူ့ဝန်ဆောင်မှုများကို ရယူနိုင်မှုကျဆင်းခြင်း၊ အရည်အသွေးညံ့ဖျင်းသွားခြင်းများ မဖြစ်စေရန် အပြန်အလှန်ထိးန်းညှိခြင်းများ လိုအပ်ပါသည်။
          အုပ်ချုပ်မှု မူလေးရပ်မှာ အူအားဖြင့် နေရာဒေသမရွေး ကျင့်သုံးနိုင်ပါသည်။ မည်သည့်နေရာဒေသမဆို ယင်းတို့ကို ထည့်သွင်းစဉ်းစားရန်ဖြစ်ပါသည်။ သို့ရာတွင် လက်တွေ့အကောင်အထည်ဖေါ်ရာတွင် နိုင်ငံအလိုက် အကြောင်းအချက်များကို ထည့်သွင်းစဉ်းစားရန်လိုအပ်ကြောင်း ရှင်းလင်းသိသာပါသည်။ အုပ်ချုပ်မှုစနစ်များနှင့် လုပ်ထုံးလုပ်နည်းများသည် သက်ဆိုင်ရာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် အကောင်အထည်ဖော်မှုစွမ်းဆောင်ရည် ပကတိအရှိတရားများအပေါ် အခိုင်အမာအခြေခံရမည်ဟု ဆိုလိုပါသည်။ ကမ္ဘာတစ်ဝှမ်း နယ်မြေဒေသမရွေး မှန်ကန်သည်ဟုဆိုသော နမူနာပုံစံများ သို့မဟုတ် တစ်ကမ္ဘာလုံးနှင့်အကျုံးဝင်သည့် အကောင်းဆုံးလုပ်နည်းလုပ်ဟန်များကို တိုက်ရိုက်ကျင့်သုံးမည့်အစား ပြည်ပတွင်ဖေါ်ထုတ်ထားသည့် ပြည်သူစီမံခန့်ခွဲရေးဆိုင်ရာ မည်သည့်ဆန်းသစ်တွီထွင်မှုကိုမဆို နယ်မြေဒေသ အခြေအနေနှင့်ချိန်ထိုးလျက် ဂရုတစိုက်သုံးသပ်ပြီး ပယ်သင့်က ပယ်ရပါသည်။ လက်ခံကျင့်သုံးသင့်က ကျင့်သုံးရပါသည်။ လိုက်လျောညီထွေပြုပြင်သင့်က ပြုပြင်ရပါသည်။ ဤနေရာတွင် လုပ်ဆောင်မည့်အစီအမံများသည် အဖွဲ့အစည်းစနစ်ပိုင်း မူဘောင်၊ ရရှိနိုင်သော အရင်းအမြစ်များနှင့် မည်သည့်အတိုင်းအတာအထိ ကိုက်ညီကြောင်းဖေါ်ထုတ်ရန် အထူးအရေးကြီးပါသည်။ အဖွဲ့အစည်းစနစ်ပိုင်းအခြေအနေကို အကဲဖြတ်ရန် မလွယ်ကူဘဲ ခက်ခဲရခြင်းမှာ အလွတ်သဘော စည်းမျဉ်းများနှင့် စံနှုန်းများ အများအပြားရှိနေတတ်ခြင်းကြောင့် ဖြစ်ပါသည်။ သို့ဖြင့် တရားဝင်အုပ်ချုပ်မှုစနစ်နှင့် လုပ်ငန်းစဉ် များမှာ ခိုင်မာပြီး စုစည်းညီညွတ်မှုရှိသည်ဟု အပေါ်ယံတွေ့မြင်နေရသော်လည်း စင်စစ်အစိုးရ လုပ်ငန်းတွင်ကျယ်မှု အားနည်းခြင်း၊ အဂတိလိုက်စားမှု ပျံ့နှံ့နေခြင်း၊ ပြည်သူ့ဝန်ဆောင်မှုများမလုံလောက်ခြင်းတို့ ဖြစ်နေနိုင်ပါသည်။
          တစ်ချိန်တည်းမှာပင် တရားဝင်ထုတ်ပြန်ထားသော စည်းမျဉ်းများနှင့် ပြဌာန်းမထားဘဲ အလွတ်သဘောလိုက်နာ ဆောင်ရွက်နေကြသော စည်းမျဉ်းများနှစ်ရပ်လုံးမှာ အရေးပါမှုအသီးသီးရှိကြခြင်းကြောင့် နည်းပညာပိုင်းသက်သက် လုပ်ဆောင်သည့် အစီအမံများမှာ သိမြင်ရန်ခက်ခဲသော ပြဌာန်းမထားသည့် အလွတ်သဘောစည်းမျဉ်းများ မက်လုံးများနှင့် ဆန့်ကျင်မည်ဆိုလျှင် မအောင်မမြင်ဖြစ်ရတတ်ကြောင်း တွေ့မြင်နိုင်ပါသည်။ တိုင်းရင်းသားလူမျိုးအများအပြားရှိသော လူ့အဖွဲ့အစည်းများတွင် ဤအန္တရာယ်နှင့် ကြုံတွေ့ရတတ်သည်။ ဗဟိုအဆင့်မှ ရေးဆွဲချမှတ်လိုက်သော လုပ်ငန်းအစီအစဉ်များ တွင် သက်ဆိုင်ရာတိုင်းရင်းသားလူမျိုး သို့မဟတ် ယဉ်ကျေးမှုပတ်ဝန်းကျင်မှ ပြဌာန်းမထားသည့် အလွတ်သဘော စည်းမျဉ်းများကို ထည့်သွင်းမစဉ်းစားထားခြင်းဖြစ်သည်။ ဗဟိုချုပ်ကိုင်မှု လျော့ချခြင်းနှင့် ဖက်ဒရယ် အစီအစဉ်များသည် ဤနေရာတွင် များစွာအထောက်အကူပြုနိုင်ပါသည်။ အဓိက အရေးပါသောပြဌာန်းမထားသည့် အလွတ်သဘောစည်းမျဉ်းများ ကို ထည့်သွင်းစဉ်းစားရန်ပျက်ကွက်ပါက အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေးတစ်ရပ်လုံး ပျက်ပြားသွားနိုင်ပါသည်။
          ထို့အပြင် ရေရှည်တည်တံ့သော အဖွဲ့အစည်းစနစ်ပိုင်း အပြောင်းအလဲဖြစ်စေရန် အချိန်များစွာယူရတတ်ကြောင်းနှင့် အခြေခံစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် မက်လုံးများကိုပါ ပြောင်းလဲနိုင်မှသာ အောင်မြင်နိုင်ဖွယ်ရာရှိကြောင်း သတိမူသင့်ပါသည်။ အစိုးရအဖွဲ့အစည်းစနစ်များကိုပြန်လည်ပြင်ဆင်ဖွဲ့စည်းရုံမျှဖြင့် အုပ်ချုပ်ရေးပိုင်းပြုမူဆောင်ရွက်ပုံ များပြောင်းလဲသွားမည် မဟုတ်ပါ။ ဥပမာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် တစ်ရပ်ဖွဲ့စည်းရုံမျှဖြင့် အစိုးရဝန်ထမ်း အရာရှိများ ကျင့်ဝတ်ခိုင်မာမှုတိုးတက်ကောင်းမွန်စေမည်မဟုတ်သေးဘဲ ဆုပေးဒဏ်ပေးမူဘောင်ကိုပါ ပြောင်းလဲပေးရန်လို အပ်ပါသည်။ ဤရည်ရွယ်ချက်အောင်မြင်ရန် အုပ်ချုပ်မှုပိုင်း စွမ်းဆောင်ရည်တည်ဆောက်ရေးသည် အချက်အချာကဏ္ဍမှ ပါဝင်သည်။ အထူးအရေးကြီးသော အပိုင်းလေးပိုင်းရှိပါသည်။ စနစ်ပိုင်းဖွံ့ဖြိုးရေး၊ အဖွဲ့အစည်းပိုင်းဖွံ့ဖြိုးရေး၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် သတင်းအချက်အလက်နည်းပညာ (အိုင်တီ) ဖွံ့ဖြိုးရေးတို့ဖြစ်ပါသည်။ စနစ်ပိုင်းဖွံ့ဖြိုးရေးမှာ ပိုမိုထိရောက်တွင်ကျယ်သော စည်းမျဉ်းများနှင့် မက်လုံးများချမှတ်ထားရှိရေး ဖြစ်ပါသည်။ လုပ်ငန်းဆောင်ရွက်ရာတွင် ကုန်ကျသည့်စရိတ်များ လျော့နည်းကျဆင်းခြင်းဖြင့် တိုင်းတာနိုင်ပါသည်။ အဖွဲ့အစည်းပိုင်းဖွံ့ဖြိုးရေးမှာ ပိုမိုထိရောက် တွင်ကျယ်သော ယင်းစည်းမျဉ်းများနှင့်အညီ အဖွဲ့အစည်း၏ဖွဲ့စည်းပုံကို လိုက်လျောညီထွေပြင်ဆင်ခြင်း၊ လုပ်ငန်းများနှင့် တာဝန်များကို ကြောင်းကျိုးဆီလျော်စေရန် ပြင်ဆင်ခြင်း တို့ဖြစ်ပါသည်။ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးမှာ စွမ်းဆောင်ရည် တည်ဆောင်ခြင်းဖြစ်ပြီး ကဏ္ဍအလိုက် သက်ဆိုင်ရာ ကျွမ်းကျင်မှုများရရှိစေရန် ဖြစ်ပါသည်။ သတင်းအချက်အလက်နည်း ပညာ (အိုင်တီ) ဖွံ့ဖြိုးရေးမှာ အချုပ်ရေးရည်မှန်းချက်များကို ပံ့ပိုးပေးရန် လုံလောက်သော ပစ္စည်းကိရိယာနှင့် ပရိုဂရမ် ဆောဖ်ဝဲများ တည်ဆောက်ထားရှိခြင်းဖြစ်ပါသည်။
          စွမ်းဆောင်ရည်တည်ဆောက်ခြင်းနှင့် စပ်လျဉ်း၍ စည်းမျဉ်းသတ်မှတ်ခြင်းများကို အဓိကကဏ္ဍတရပ်အဖြစ် ထည့်သွင်းစဉ်းစားရပါမည်။ ထိရောက်သော စည်းမျဉ်းထိမ်းချုပ်သည့် စနစ်ရှိခြင်းဖြင့် အမျိုးသားစီးပွားရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးရေးနှင့် မျှတမှုတို့ကို နည်းလမ်းအမျိုးမျိုးဖြင့် ပံ့ပိုးပေးနိုင်ပါသည်။ ပစ္စည်းပိုင်ဆိုင်ခွင်များကို သတ်မှတ်ပေးပြီး မလိုလားအပ် သောတရားစွဲဆိုမှုများကို ရှောင်ရှားနိုင်ပါသည်။ ထို့အပြင်ပြိုင်ဆိုင်မှုအားကောင်းစေခြင်း ဈေးကွက်၏ချို့ယွင်းအားနည်းချက် များကို ပြင်ဆင်ပေးခြင်း၊ ထိရောက်တွင်ကျယ်ပြီး သဘောညီမျှမှုရှိသော လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်မူဝါဒများကို အားပေးမြှင့်တင်ခြင်းများ လုပ်ဆောင်နိုင်ပါမည်။ စည်းမျဉ်းချမှတ်ရေးမှာ အရေးကြီးသော်လည်း အလွန်အကျွံစည်းမျဉ်း ချမှတ်ပါက အထူးသဖြင့် ပွင့်လင်းမြင်သာမှုမရှိဘဲ ဥပဒေစည်းမျဉ်းလွတ် အရေးယူခြင်းများပြုလုပ်ပါက စီးပွားရေးတခုလုံး အတွင်း လုပ်ငန်းဆောင်ရွက်မှု ကုန်ကျစရိတ်များ မြင့်တက်လာပြီး အဂတိလိုက်စားမှုကဲ့သို့သော မကောင်းသည့်သက်ရောက် မှုများ ရှိလာနိုင်ပါသည်။
          စည်းမျဉ်းသတ်မှတ်သည့် နယ်ပယ်များမှာ အဓိကအားဖြင့် သုံးမျိုးရှိပါသည်။ စီးပွားရေးဆိုင်ရာစည်းမျဉ်းများမှာ ဈေးကွက်အပေါ်တိုက်ရိုက်သက်ရောက်မှုရှိပါသည်။ ဈေးနှုန်းသတ်မှတ်ခြင်း၊ ပြိုင်ဆိုင်ခြင်း၊ ဈေးကွက်တွင်ဝင်ရောက်ခြင်းဆိုင် ရာ စည်းမျဉ်းများဖြစ်ပါသည်။ လူမှုရေးဆိုင်ရာ စည်းမျဉ်းများမှာ ကျန်းမာရေး၊ အန္တရာယ်ကင်းရှင်းရေး၊ သဘာဝပတ်ဝန်းကျင်၊ လူမှုရေးသင့်မြတ်စည်းလုံးမှုကဲ့သို့သော ပြည်သူ့အကျိုးစီးပွားများကို ကာကွယ်စောင်ရှောက်ခြင်းဖြစ်ပါသည်။ အုပ်ချုပ်မှုဆိုင် ရာစည်းမျဉ်းများမှာ အစိုးရများအနေဖြင့်ဖြစ်ရပ်တစ်ခုချင်းတွင် သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ ကြားဝင်ဆောင်ရွက်နိုင်စေသော စည်းမျဉ်းများဖြစ်ပါသည်။ ဖယ်ဒရယ်စနစ်တွင် စည်းမျဉ်းသတ်မှတ်ခြင်းမှာ အဆင့်အသီးသီး ရှိ အစိုးရအဖွဲ့အစည်းများလုပ်ဆောင်ရသည့် အဓိကလုပ်ငန်းဖြစ်ပါသည်။ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လုပ်ဆောင်ရသည့် စည်းမျဉ်းသတ်မှတ်ရေးလုပ်ငန်းမှာ နှစ်မျိုးရှိပါသည်။ ကိုယ်တိုင်အုပ်ချုပ်ရေးအယူအဆဖြင့် သီးခြားလွတ်လပ်စွာ စည်းမျဉ်းသတ်မှတ်ခြင်းနှင့် နိုင်ငံတော်အဆင့်စည်းမျဉ်းသတ်မှတ်သည့် အစီအစဉ်မှ လုပ်ပိုင်ခွင့်လွှဲအပ်လာသည့်အပေါ် အကောင်အထည်ဖေါ် ဆောင်ရွက်ပေးခြင်းတို့ဖြစ်ပါသည်။ လိုင်စင်ထုတ်ပေးခြင်း၊ မြေအသုံးပြုမှု၊ အဆောက်အအုံဆောက် လုပ်ရေးစည်းမျဉ်းများ စသည်တို့ဖြစ်ပါသည်။ လုပ်ငန်းဆောင်ရွက်မှုကို တာဝန်ခံရေးအာမခံချက်ပေးနိုင်ရန် ပြင်ပမှ စစ်ဆေးမှု များရှိရပါမည်။ ဦးစွာ တရားစီရင်ရေးအပိုင်းမှ ပြန်သုံးသပ်နိုင်ပါသည်။ တရားစီရင်ရေးအပိုင်းမှ ပြန်သုံးသပ်ခြင်းမှာ အုပ်ချုပ်ရေး အပိုင်းမှ လုပ်ဆောင်မှုများကို စိန်ခေါ်ရန်နှင့် ကုစားမှုရယူရန် အဓိကလမ်းကြောင်းဖြစ်ပါသည်။ တရားစီရင်ရေးအပိုင်းမှပြန် လည်သုံးသပ်ခြင်းတွင် အဖွဲ့အစည်းတစ်ရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များ သို့မဟုပ် ပြဌာန်းဥပဒေပါ တာဝန်များကို ချိုးဖေါက်ခြင်းရှိမရှိ အုပ်ချုပ်ရေးအပိုင်းမှ လုပ်ငန်းဆောင်ရွက်မှုသည် ဥပဒေနှင့် ကင်းလွတ်ခြင်း ရှိမရှိ၊ ထင်သလိုလုပ်ခြင်းဟုပ်မဟုတ် စသည့်ကိစ္စရပ်အမျိုးမျိုး အကျုံးဝင်ပါသည်။ တရားစီရင်ရေးအပိုင်းမှ ပြန်လည်သုံးသပ်ခြင်း အပြင် အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များကို စိန်ခေါ်လိုပါက ပြစ်မှုကြောင်းဖြင့် တရားစွဲဆိုခြင်း၊ နစ်နာကြေးတောင်းခံခြင်း၊ သို့မဟုတ် အမိန့်ထုတ်ပြန်၍ ကုစားမှုရရှိရန် လျှောက်ထားခြင်းများ လုပ်ဆောင်နိုင်ပါသည်။
          စည်းမျဉ်းသတ်မှတ်ရာတွင် ဆန့်ကျင်ဘက် ဝိရောဓိများ ဖြစ်ပေါ်လာနိုင်ကြောင်းကိုလည်း ဖေါ်ပြရမည်သာဖြစ်ပါ သည်။ နိုင်ငံတော်အဆင့်စည်းမျဉ်းများနှင့် ဗဟိုအဆင့်အစိုးရအဖွဲ့အစည်းများ၏ ဦးတည်ချက်များအကြား ဝိရောဓိဖြစ်နိုင်ပါ သည်။ ဥပမာ နိုင်ငံတော်အဆင့် ဥပဒေများနှင့် စည်းမျဉ်းများသည် အစိုးရအဖွဲ့အစည်းများ၏ စီမံခန့်ခွဲမှုအပိုင်း ချင့်ချိန်ဆုံးဖြတ် မှု၊ လုပ်ငန်းပိုင်းရည်မှန်းချက်တို့နှင့် ဆန့်ကျင်နေနိုင်ပါသည်။ ထို့အပြင်နိုင်ငံတော်အဆင့်တွင် သတ်မှတ်ထားသော စည်းမျဉ်းများနှင့် ဗဟိုချုပ်ကိုင်မှုလျော့ချထားသော အစိုးရအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များ (သို့မဟုတ် ရွေးချယ်လိုသော နည်းလမ်းများ) အကြား ဆန့်ကျင်မှုများ ရှိလာနိုင်ပါသည်။ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး သဘာဝသယံဇာတအသုံးပြုမှု၊ ပြည်သူ့ကျန်းမာရေး၊ ပြည်သူ့အန္တရာယ်ကင်းရှင်းရေး သို့မဟုတ် လူနည်းစုများကို အကာအ ကွယ်ပေးရေးကဲ့သို့သော တနိုင်ငံလုံးအတိုင်းအတာဖြင့် စံနှုန်းသတ်မှတ်ချက်များ လုပ်ပိုင်ခွင့်ခွဲဝေပေးခြင်း (devolution)၊ ပြည်နယ်အဆင့် ကိုယ်ပိုင်အုပ်ချုပ်မှု (subnational autonomy) တို့နှင့် ဆန်ကျင်နေနိုင်ပါသည်။
          တချိန်တည်းမှာပင်ပြင်ပမှ အရေးယူဆောင်ရွက်မှု မပါဝင်ပါကလည်း စည်းမျဉ်းသတ်မှတ်ခြင်းမှာ ရည်ရွယ်ချက် မအောင်မြင်ဘဲ ရှိတတ်ပါသည်။ ဥပမာ ပြည်သူ့အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ မြေအသုံးပြုမှု၊ သဘာဝပတ်ဝန်းကျင်ကဲ့ သို့သော နယ်ပယ်များနှင့် အခြားပြည်သူ့အကျိုးစီးပွားအတွက် စည်းမျဉ်းသတ်မှတ်ချက်များကို လိုက်နာစေရန်အရေးယူနိုင် သည့် စွမ်းဆောင်ရည်အားနည်းပါက အရေးပါသောစည်းမျဉ်းများကို ချိုးဖေါက်မှုများဖြစ်ပေါ်လာနိုင်ပါသည်။ ဘဏ္ဍာရေး ကဏ္ဍတွင် အလားတူပင်ဖြစ်ပါသည်။ ဘဏ်လုပ်ငန်းဥပဒေများ သို့မဟုတ် ငွေရင်းနှီဈေးကွက်စည်းမျဉ်းများကို လိုက်နာစေရန် အရေးယူမှုအားနည်းပါက စည်းမျဉ်းစနစ်များပြိုလဲပြီး စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးပြဿနာကြီးများ ပေါ်ပေါက်လာနိုင်ပါ သည်။ ထို့အပြင်ထိရောက်တွင်ကျယ်သော စည်းမျဉ်းများမရှိပါက တာဝန်ခံမှုကိုလည်း ထိခိုင်စေနိုင်ပါသည်။ ထိရောက်တွင် ကျယ်သောစည်းမျဉ်းများလိုအပ်သည်မှန်သော်လည်း စည်းမျဉ်းများရှိရုံဖြင့် မလုံလောက်သေးပါ။ စည်းမျဉ်းများများပြားနေပြီး အထူးသဖြင့် အချို့စည်းမျဉ်းများမှာ အချင်းချင်းညီညွတ်မှုမရှိလျှင် အကျိုးယုတ်နိုင်ပါသည်။ နိုင်ငံသားများမှာ အောက်ခြေအ ဆင့်အရာရှိများ၏ လက်ခုပ်ထဲမှ ရေသဖွယ်ဖြစ်ရပြီး အဂတိလိုက်စားမှုများဖြစ်ပေါ်လာနိုင်ပါသည်။ စင်စစ် စည်းမျဉ်းသတ် မှတ်ရာတွင် ဦးတည်ချက်မှာ ပြည်သူ့ဝန်ထမ်း အနှစ်သာရတန်ဖိုးများဖြစ်သော ဘက်မလိုက်မှု၊ ဥပဒေနှင့်အညီဆောင်ရွက်မှု၊ အကျင်စာရိတ္တခိုင်မာမှုတို့ကို စွဲကိုင်လျှက် အစိုးရဝန်ထမ်းအရာရှိများအနေဖြင့် ပြုမူကျင့်ကြံဆောင်ရွက်ကြမည်ဟု ပြည်သူ့ဝန် ထမ်းနှင့်နိုင်ငံသားများအကြား တူညီသော နားလည်သဘောပေါက်မှုရှိသည့် ပတ်ဝန်းကျင်တရပ်ဖန်တီးနိုင်ရန် ဖြစ်သင့်ပါသည်။ ကျင့်ဝတ်ခိုင်မာမှု မူဘောင်ထားရှိခြင်းဖြင့် ပြည်သူ့ဝန်ထမ်း၏ အပြုအမူမှာ အဖွဲ့အစည်းများ၏ ရည်ရွယ်ချက် များနှင့် ကိုက်ညီရုံမျှမက ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းအများအပေါ် ယုံကြည်စိတ်ချနိုင်ရန်၊ နိုင်ငံသားများဥပဒေနှင့်အညီ ဘက်မလိုက်သော ဆက်ဆံမှု ရရှိရန်၊ ပြည်သူ့အရင်းအမြစ်များကို စနစ်တကျအသုံးပြုရန် ဆောင်ရွက်နိုင်ပါမည်။ ပွင့်လင်းမြင် သာမှုရှိခြင်းမှာ နိုင်ငံဝန်ထမ်းများ ကျင့်ဝတ်နှင့်အညီ လုပ်ဆောင်နိုင်သည့် အဓိကနည်းလမ်းတရပ်ဖြစ်ပါသည်။ ပြည်သူက စစ်ဆေးကြည့်ရှုနိုင်ရန်နှင် ကုစားနိုင်ရန် အစီအမံများရှိရပါမည်။ ဤနေရာတွင် အချက်အချာနေရာမှ ပါဝင်ရမည့်အဖွဲ့အစည်း များမှာ ပြည်သူ့ဝန်ထမ်းကော်မရှင်များ၊ စာရင်းစစ်ချုပ်ရုံးစသည်တို့ဖြစ်ပါသည်။ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍတွင် ကျင့်ဝတ်ခိုင်မာ မှု အခြေအနေကို ယင်းအဖွဲ့အစည်းများအနေဖြင့် ပုံမှန်လေ့လာပြီး သုံးသတ်ချက်များထုတ်ပြန်သင့်ပါသည်။

on Tuesday, November 1, 2016

0 comments

Post a Comment