ဤညီလာခံကြီးကျင်းပသောအချိန်ကား မြန်မာနိုင်ငံကို အင်္ဂလိပ်နယ်ချဲ့ဘုရင်ခံ ဆာဟူးဘက်တ်ရန့်( SIR HUBERT RAN) အုပ်ချုပ်နေသော ကာလဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း နှင့်အဖွဲ့သည် ဆာဟူးဘတ်ရန့်၏ စီစဉ်ပေးချက်အရ ဘိလပ် (ဗြိန်တိန်) သို့သွားရောက်ကာ (၂၇--၄၇) နေ့တွင် နောက်တစ် နှစ်ပြည့်သောအခါ ဗမာပြည်အားလွတ်လပ်ရေးပေးရန် အောင် ဆန်းအက်တလီစာချုပ်ကိုချုပ်ဆိုပြီး ပြန်ရောက်လာသော အချိန် လည်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဒုတိယကမ္ဘာစစ် အပြီး ၁၉၄၅-ခု နှစ်မှစ၍ ဘိလပ်သို့ မသွားမီအချိန်ထိ နယ်ချဲ့ အင်္ဂလိပ်အား လက်နက်ကိုင်တိုက်ပွဲဆင်ပြီး ဗမာပြည်လွတ် လပ်ရေးကို ရယူရန်ဆန္ဒပြင်းပြသူ တစ်ယောက်ဖြစ်သည်။ သူသည် ဤအချက်နှင့်ပတ်သတ်၍ ဦးစန္တာ၊ ဦးပညာသီဟ၊ ဦးညိုထွန်း၊ ဘုံပေါက်သာကျော်စသော ရခိုင်ခေါင်းဆောင်များနှင့် ၄င်း၊ သခင်သန်းထွန်း၊ သခင်စိုးစသော ဗမာခေါင်းဆောင်များ နှင့်၎င်း သဘောတူခဲ့သည်ဟုလည်းဆိုသည်။

ထို့ကြောင့်လည်း ရခိုင်ဗမာစသော လူမျိုးများ ၏ ခေါင်းဆောင်များသည် အင်္ဂလိပ်နယ်ချဲ့ကို တော်လှန်ရန်ပြင် ဆင်စရာများကို ပြင်ဆင်ထားခဲ့ကြသည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းသည် အောင်ဆန်းအက်တလီစာချုပ်ကို ချုပ်ဆိုပြီး ဘိလပ်မှ ပြန်ရောက်လာသောအခါ သူ့သဘောထား အကြီးအကျယ်ပြောင်းလဲလာသည်ကို တွေ့ရသည်။ သူ့သဘော ထားကို ဤမြေပုံညီလာခံမှာပင် တိုက်တိုက်ဆိုင်ဆိုင် မဆိုင်းမ ဆုပ်ဖေါ်ထုပ် ပြောဆိုရာ ဗိုလ်ချုပ် အောင်ဆန်းနှင့် ရခိုင်ခေါင်းဆောင်များ သဘောထားကွဲလာခဲ့သည်။
မြေပုံညီလာခံကို ၁၉၄၇-ခု ဧပြီလ (၁) ရက်နေ့တွင် စတင်ကျင်းပသည်။ ညီလာခံသို့ ရခိုင်တိုင်း ဖ-ဆ-ပ-လ၊ ရခိုင်တိုင်း ပြည်သူ့ရဲဘော်အဖွဲ့၊ ဗမာပြည် ကွန်မြူနစ်ပါတီ (ရခိုင်တိုင်း)၊ လူငယ်များအစည်းအရုံး၊ အမျိုးသမီးများအစည်း အရုံး၊ တောင်သူလယ်သမားများအဖွဲ့ချုပ်၊ ပုလိပ်သမဂ္ဂ၊ စာရေး၊ စာချီသမဂ္ဂ စသောလူထုလူတန်းစားအဖွဲ့အစည်းများနှင့် ညီလာခံဖြစ်မြောက်ရေး ဆော်သြသူ ရ-ပ-လ-ဖ တို့တက်ရောက် ကြသည်။ ရခိုင်တိုင်း ဖ-ဆ-ပ-လ အဖွဲ့မှ ဆရာတော်ဦးပညာသီဟ ဦးညိုထွန်းစသော ခေါင်းဆောင်များသည်၎င်း၊ ဗမာပြည်ကွန်မြူ နစ်ပါတီ (ရခိုင်တိုင်း) မှ ဦးကျော်မြသည်၎င်း၊ အလံနီကွန်မြူနစ်ပါ တီ (ဗမာပြည်) မှ ဦးအောင်လင်သည်၎င်း တက်ရောက်ကြသည်။ ရခိုင်ပြည်အနှံအပြားမှ လူမျိုးပေါင်းစုံ လူတန်းစားပေါင်းစုံ လူထု အင်အားခြောက်သောင်း (၆၀၀၀၀) ခန့် တက်ရောက်ကြသည်။ ဖ-ဆ-ပ-လ အဖွဲ့ချုပ်ထိပ်တန်းခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း နှင့် ဖ-ဆ-ပ-လ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဗဆွေတို့ ဦးဆောင်သော အဖွဲ့လည်း အစည်းဝေးမစမီ နာရီဝက်အလိုမှာ အချိန်မှီရောက်ရှိလာသည်။
ဗိုလ်ချုပ်အောင်ဆန်းမှ ခရီးဆက်စရာ ရှိသေးသည် ဟုပြောဆို၍ ညီလာခံကို ညနေ (၇) နာရီမှာပင်စခဲ့ရသည်။ ညီလာခံစလျှင် သာဘာပတိဆရာတော်ဦးစိန္တာက ဗြိတိသျှနယ်ချဲ့ ကိုလိုနီဘဝမှ လွတ်လပ်ရေးလိုလျှင် လက်နက်စွဲကိုင်တောင် လှန်ခြင်းဖြင့်သာ အဓိကဟောပြောသွားသည်။ သဘာပဓိ မိန့်ခွန်းဆုံးသွား၍ ဗိုလ်ချုပ်အောင်ဆန်းပြောရာတွင် လက်နက် ကိုင်တော်လှန်ရေးဟာ အပြောလွယ်သလောက် အလုပ်မ လွယ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးနည်းဖြင့်သာ လွတ်လပ်ရေး ရအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသွားသည်ဟုဆို သည်။ ဤသို့ ဆရာတော် ဦးစိန္တာနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ အယူအဆ ကွဲလွဲနေကြစဉ် အလံနီကွန်မြူနစ်ပါတီ (ဗမာပြည်) ကိုယ်စားလှယ် ဦးအောင်လင်းက ရုပ်ချဉ်းထပြီး ထန်းတပင် သေ နတ်ပစ်မှုကြီးမှာ ဦးအောင်ဆန်းက နယ်ချဲ့သမားများကို ဒူးထောက် အညံ့ခံ အရှုံးပေးလိုက်တယ်မဟုပ်လားဟု ဝင်ပြောလိုက်ရာ ဗိုလ်ချုပ်အောင်ဆန်းက အဲဒါကျုပ်မဟုပ်ဘူး သခင်ချစ်- သခင်ချစ်ဟု ဒေါမာန်ပါပါနှင့် ပြန်ပြောလိုက်သည်ဟု ဆိုသည်။ သို့သော် ဦးအောင်လင်းက ဆက်လက်ပြောနေသဖြင့် ဗိုလ်ချုပ်အောင်ဆန်း ဒေါပွပြီး သူ့အဖွဲ့ဝင်များနှင့် ညီလာခံခန်းမမှ ထွက်ခွာသွားပြီးစစ်တွေသို့ သင်္ဘောဖြင့် ပြန်သွားကြသည်ဟု ဆိုသည်။ (မလိုအပ်၍ မှတ်ချက်တစ်ခု ချန်လှပ်ထားခဲ့သည်။)
သို့သော် ညီလာခံကိုကား ဧပြီလ (၃) ရက်နေ့အထိ ဆက်လက်ကျင်းပပြီး သီးစားခလုံးဝမပေးရန်၊ မြေခွန်မပေးရန်၊ လယ်သမားများ၏ ကြွေးဟောင်းများကို လုံးဝချေဖျက်ပေးရန်၊ ဗြိ တိသျှစစ်တပ်များ ရခိုင်မြေမှ အမြန်ဆုံးရုပ်သိမ်းသွားရန်၊ ရခိုင်လူမျိုး၏ ကံကြမ္မာကို ရခိုင်ပြည်သူများသားဖန်တီးရန်စသော ဆုံးဖြတ်ချက် (၁၂) ချက်ကို ချမှတ်ကြသည်။ ဤဆုံဖြတ်ချက် ကိုအကောင်အထည်ဖေါ်ရန် လက်ဝဲ ညီညွတ်ရေးတပ်ပေါင်းစုကို ဖွဲ့စည်းခဲ့သည်။ ထိုတပ်ပေါင်းစု၏ အလုပ်အမှုဆောင်အဖွဲ့တွင်
(၁) ဦးကျော်မြ (ဗ-က-ပ, ရခိုင်တိုင်း)…...ဥက္ကဌ။
(၂) ဦးညိုထွန်း (ဖ-ဆ-ပ-လ, ရခိုင်တိုင်း) …..ဥက္ကဌ။
() ဦးစိန္တာ (---) … သြဝါဒစရိယနှင့်ငွေထိမ်း။
() ဦးထွန်းအောင် (စစ်တွေခရိုင်) ...အဖွဲ့ဝင်။
() ဦးဘဟန် (ကျောက်ဖြူခရိုင်) …. အဖွဲ့ဝင်။
() ဦးသိန်းမွန် (သံတွဲခရိုင်) ……..အဖွဲ့ဝင်။ တို့ဖြစ်ကြသည်။


0 comments

Post a Comment