မြေပုံညီလာခံအပြီးတွင် ဘုံပေါက်သာကျော်သည် မင်းပြားမြို့နယ်ဒေသဆိုင်ရာညီလာခံတစ်ခု ကျင်းပရန် သွားရောက်စီစဉ်နေသည်။ နာယကဆရာတော် ဦးစိန္တာနှင့် --- ဥက္ကဌ ဦးဖိုးမင်းစသော ခေါင်းဆောင်တစ်စုသည် မြေပုံ ညီလာခံဆုံးဖြတ်ချက် အကောင်အထည်ဖေါ်ရန် ရမ်းဗြဲမြို့နယ်သို့ သွားကြစဉ် ရမ်ဗြဲမြို့နယ်ပိုင် ဝန်ထောက်လုပ်သူ မျက်နှာဖြူလူမျိုး မက်သရူးက ကျေးရွာလူကြီး (၁၈) ဦးအား ဖမ်းဆီးချုပ်နှောင်ထား သည်ကို မခံမရပ်နိုင်ဖြစ်နေကြသော ရမ်းဗြဲမြို့နယ်လူထု ရာပေါင်း များစွာက ၄င်းကောင်းကျေးရွာလူကြီးများမှာ အပြစ်တစ်စုံတစ်ရာ မရှိကြောင်း ချက်ချင်းလွှတ်ပေးရမည်ဖြစ်ကြောင်း တောင်းဆိုနေ ကြသော လူထုဆန္ဒပြပွဲတစ်ခုနှင့် တိုက်ဆိုင်တွေဆုံခဲ့ကြသည်။ မြို့ နယ်လူထုသည် ဆရာတော်ကြွရောက်လာသည်ကို ကြားရ၍ ပို၍အားတက်လာကြရာ နယ်ပိုင်မက်သရူးကို ၂-၃ ရက် ဆက်ဝိုင်း ထား၍ သူတို့၏ကျေးရွာခေါင်းဆောင်များကို လွှတ်ပေးရန် အပြင်း အထန်ဆန္ဒပြတောင်းဆိုကြရာ မက်သရူးမတတ်နိုင်၍ ကျေးရွာလူ ကြီး (၁၈) ယောက်လုံးကို လွှတ်ပစ်လိုက်ရသည်။ ဤသို့လွှတ်ပစ် ရခြင်းသည် ဦးစိန္တာကြောင့်ဆိုကာ ရက်များမကြာမီ ကျောက်ဖြူ ရာဇဝတ်ဝန် မစ္စတာ အက်စ်ဂျီ အေစကော့ (Mr. S.G.A. Scott) က ဦးစိန္တာနှင့်အဖွဲ့အား မြေပုံသို့သွားရောက်ဖမ်းဆီးခဲ့သည်။

ဦးစိန္တာအဖမ်းခံရလျှင် ဘုံပေါက်သာကျော်နှင့် အခြား ရ-ပ-လ-ဖ ခေါင်းဆောင်များသည် မင်းပြားမြို့နယ် ဒုံးသားရွာ၌ ကျင်းပနေသော ညီလာခံကို ကပျာကယာ အဆုံးသတ်ပြီး ဦးစိန္တာ လွတ်မြောက်ရေးကို ကြိုးပမ်းလာရသည်။ ရှေးဦးစွာ ရခိုင်တိုင်း မင်းကြီး ဦးမောင်ကျော်ထံသို့ ချဉ်းကပ်၍ ကြိုးပမ်းကြသည်။ မရသောအခါ ဘုံပေါက်သာကျော်သည် ရန်ကုန်မြို့ရှိ ဖ-ဆ-ပ-လ ခေါင်းဆောင်များဖြစ်သော ဦးဗဆွေစသော မိမိနှင့်ခင်မင်ရင်း နှီးသော ပုဂ္ဂိုလ်များထံ ချဉ်းကပ်၍ ကြိုးပမ်းကြည့်ပြန်သည်။  အကြောင်းကား မထူးလာပါချေ။ ဦးစိန္တာသည် ထိုအချိန်က ရခိုင်လူထုကြီး အထူးသဖြင့် လယ်သမားလူထုကြီး၏ အသည်း စွဲခေါင်းဆောင်၊ ရခိုင်ပြည်သူတို့၏ လွတ်လပ်ရေးဖခင်၊ ရခိုင်ပြည် သူတို့၏ လွတ်လပ်ရေး ဗိသုကာကြီးတစ်ယောက်လည်းဖြစ်သည်။ ထို့ကြောင့် ဦးစိန္တာကို လွှတ်မပေးသောအခါ ပြည်သူလူထုကြီး ဒေါ ပုန်ထလာသည်။ ဦးစိန္တာလွတ်မြောက်ရေးအတွက် ထောင်ပေါင်း များစွာသော လူငယ်များမှာ ရရာလက်နက်ဖြင့်အစိုးရအား တော် လှန်တိုက်ခိုက်ရန် ဆန္ဒပြင်းပြနေကြသဖြင့် ခေါင်းဆောင်များက အကြိမ်ကြိမ်ထိန်းသိမ်းထားရသည်။ ဘုံပေါက်သာကျော်၊ ဦးလွမ်း သာအောင်၊ ဆရာတော်ဦးစိန္တာ၏တပည့် ဦးခေမာ၊ ဦးနီ ထွန်းအောင်၊ ဦးစိန်ထွန်းအောင်၊ လိပ်မရွာ ဘုန်းတော်ကြီးနှင့် ဦးသာထွန်းအောင်စသော ညှိနှိုင်းဆွေးနွေးကာ ဒုံးသားကွန်ဖရင့် ဆုံးဖြတ်ချက်အရ ဆရာတော် ဦးစိန္တာလွတ်မြောက်ရေးအတွက်မြို့ တိုင်းတွင် လူထုဆန္ဒပြတောင်းဆိုရန် စီစဉ်ကြသည်။ စီစဉ်သည့် အတိုင်းမြို့နယ်တိုင်းလိုလိုမှာ ပြည်သူထောင်ပေါင်းများစွာတို့သည် သက်ဆိုင်ရာမြို့များသို့ ချီတက်ကြပြီး ဆန္ဒပြတောင်းဆိုကြသည်။ လူထုတောင်းဆိုရာ၌ ဦးစိန္တာလွတ်မြောက်ရေးအပြင် သီးစားခ၊မြေ ခွန်မပေးနိုင်ကြောင်း၊ အမတော်ကြေးပြန်မဆပ်နိုင်ကြောင်း တို့ကိုလည်း ကြွေးကြော်တောင်းဆိုကြသည်။ ဤသို့ ပြည်သူလူ ထုကြီးက ပြင်းထန်စွာတောင်းဆိုသော်လည်း အစိုးရက လုံးဝမလိုက်လျှော့သည့်အပြင် ဦးစိန္တာအပေါ် ပို၍ အပြစ်ရှာလာ သည် အထက်ပါ လယ်သမားတောင်းဆိုချက်တို့သည် ဦးစိန္တာ လှုံ့ဆော်မှုကြောင့် ဖြစ်ကြောင်း၊ ဦးစိန္တာဟာ လူဆိုးဓါးပြများကိုမွေး ထုတ်ပြီး အစိုးရအမိန့်ကို ဖီဆန်ရန်ကြိုးပမ်းနေကြောင်း စသည်ဖြင့် မဟုပ်မတရားစွပ်စွဲလာပြန်သည်။ ဤစွပ်စွဲချက် မှာ ကောလဟာလ သတင်းမျိုးမဟုပ်ဘဲ ကျောက်တော်မြို့နယ် --- တိုင်းပြု ပြည်ပြုလွှတ်တော်အမတ် ဦးညိုထွန်း၊ ရသေ့တောင် --- အမတ် ဦးကျော်ဦး (မီးတိုက်) တို့ကိုယ် တိုင်ပင် ဦးစိန္တာအားစွပ်စွဲလာကြရာ နယ်ချဲ့အင်္ဂလိပ်ဘုရင်ခံ အတိုင်ပင်ခံ --- အစိုးရ၏ ဝန်ကြီးတစ်ဦးဖြစ်သူ ဒီးဒုတ် ဦးဘချိုက ၁၉၄၇ မေလ (၁၅) ရက်နေ့လည် () နာရီကျော် အချိန်တွင် ရန်ကုန်မြို့အတွင်းဝန်ရုံးများရှိ မိမိရုံးခန်းသို့ သတင်းစာ ဆရာများခေါ်ယူကာ ဦးစိန္တာကို ဖမ်းရသည့်ကိစ္စနှင့် ပတ်သတ်၍ ရှင်းလင်းပွဲတစ်ခုလုပ်သည်။ ဦးဘချိုရှင်းလင်းချက်မှာ အခုရက် ပိုင်းအတွင်းမှာ သတင်းစာ ဂျာနယ်များ၌ ရခိုင်ပြည်အမျိုးသား တပ်ပေါင်းချုပ် ခေါင်းဆောင်ကြီး ဦးစိန္တာကိုယ်တော်အား အစိုးရက မတရားဖမ်းဆီးချုပ်နှောင်ထားသလို ရေးသားနေကြ သည်ကို တွေ့ရကြောင်း  ဦးစိန္တာကိုဖမ်းရခြင်းမှာ ဦးစိန္တာသည် မိမိ လက်အောက်ငယ်သားများအား သီးစားခမပေးရေး၊ အခွန်တော် မပေးရေး၊ အမတော်ကြေးပြန်မဆပ်ရေး စသော ဥပဒေမဲ့လုပ်ရပ် များကို လုပ်ဆောင်ရန်လှုံ့ဆော်သည့်အပြင် သူကိုယ်တိုင်လည်း ဦးပဒေချိုးဖေါက်ပြီး ရမ်းဗြဲမြို့ဝန် မက်သရူးဖမ်းဆီးထားသော လူဆိုးဒါပြ (၁၈) ယောက်ကို မြို့ဝန်လက်မှ အတင်းလွှတ်ပစ် ခဲ့ကြောင်း၊ ဤမျှသာမကသေး ဦးစိန္တာတပည့်များသည် မိန့်ခလေး များကို မုဒိန်းကျင့်ခြင်း၊ ဒါးပြတိုက်ခြင်းတို့ကို ကျူးလွန်နေကြ သည်။ ထို့အပြင် ဦးစိန္တာလူများသည် သူတို့ဖက်မပါသူများအား ကိစ္စတုန်းစီရင်နေကြသည်။ အချို့နေရာများတွင်ဆိုလျှင် စင်ပြိုင် အစိုးရအာဏာတည်ထောင်ပြီး တရားစီရင်ကာ လူတွေကိုသေ ဒါဏ်ပေးခြင်း၊ ကြိမ်ဒါဏ်ရိုက်ခြင်းစသည်များကို ပြုနေကြ၍ ဦးစိန္တာအားဖမ်းဆီးလိုက်ရခြင်းဖြစ်ကြောင်း သတင်းစာဆရာများ အား ရှင်းလင်းပြောပြသည်ဟုဆိုသည်။ နောက်တစ်နေ့တွင် ဤသတင်းစာရှင်းလင်းပွဲအကြောင်း သူရိယသတင်းစာ ပါလာရာ ရခိုင်လူထုကြီး အထူးသဖြင့် ရန်ကုန်ရှိရခိုင်လူထုကြီးနှင့် ရခိုင်ရဟန်းတော်များမခံမရပ်နိုင်ဖြစ်လာပြီး ရန်ကုန်မြို့တောဂိတ် လမ်းရှိ မင်္ဂလာသုခကျောင်း၊ စပတ်လမ်းရှိ ရခိုင်လူငယ်များ အသင်းတို့ လုထုအစည်းအဝေးတစ်ကြိမ်ကျင်းပပြီး အများ သဘောတူဆုံးဖြတ်ချက်များဖြင့် ဦးစိန္တာလွတ်မြောက်ရေးအတွက် အစိုးရထံစာရေး၍ တောင်းဆိုကြသည်။ ရခိုင်တက္ကသိုလ်ကျောင်း သားများ အစိုးရ အရာထမ်းအမှုထမ်းများလည်း အလားတူအ စည်းအဝေးကျင်းပပြီး ရခိုင်တစ်မျိုးသားလုံး အမြတ်တနိုးလေးစားအားထားရသော ခေါင်းဆောင် ဆရာတော်ဦးစိန္တာအား ဤသို့ မတရားချုပ်နှောင်ဖမ်းဆီးထားခြင်းသည် ရခိုင်တစ်မျိုးသားလုံးကို နိုင်ငံရေးအရ ချိုးနှိမ်ခြင်းလဲဖြစ်သည်။ အထူးသဖြင့် ဒုတိယ ကမ္ဘာစစ်ကြီးကထပ်ဆင့်တိုးရရှိလာသော ရခိုင်လူငယ်များ၏ နိုင်ငံရေးနိုးကြားမှုကို ချိုးနှိမ်လိုက်ကြခြင်းဖြစ်သည်ဟု ယူဆထားကြပြီး ဦးစိန္တာလွှတ်ပေးရန် အာဏာပိုင်များထံ အကြိမ်ကြိမ်တောင်းဆိုကြသည်။
(ဆက်ရန်ကျန်သေးသည်) 

Read More