myanmar font 3000 ကျော်ကိုတစ်နီရာတည်းမှာ စုစီးထားရေအတွက်
အောက်မှာ download  ယူပါ။
rar ဖိုင်ဖြီခါ password တောင်းကေ matibukoko ကိုထည့်ပီးလိုက်ပါ။


 ဒေမာယူ

Read More
on Tuesday, January 26, 2016
0 comments
categories: |

ဒေမာယူပါ Revo Uninstaller Pro 3.1.5 + Patch
password တောင်းကေ matibukoko လို့ရီးထည့်လိုက်ပါ

Read More
on
0 comments
categories: |

(၆) နှစ်မြောက် ရက္ခိုင့်တပ်မတော်နိ စစ်ဦးစီးချုပ်မိန့်ခွန်း ၁၃၇၆ ခုနှစ်၊ ပထမ တာကူးလပြည့်ကျော် (၇) ရက် ၂၀၁၅ -ဧပြီလ၊ (၁၀) ရက် ရက္ခိုင့်တပ်မတော်ကို စတင်တည်ထောင်လိုက်တေ ဧပြီလ (၁၀) ရက်၊ ရက္ခိုင့်တပ်မတော်မွီးနိမှာ ရဲဘော်ရဲမယ်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလန်းဆန်းစီကြောင်း ဆုတောင်းနှတ်ဆက်အပ်တေ။ တပ်မတော်တည်ထောင်လာရေ ပထမနှစ်ပတ်လည် တပ်မတော်နိကပင်စလို့ နှစ်စဉ်နှစ်တိုင်း တပ်မတော်အခမ်းအနား ပွဲပြင်တိကို ကျင်းပခရေ။ သို့သော် (၆) နှစ်မြောက်တပ်မတော်နိ အခမ်းအနားမှာ အများကြီး မကျယ်ပြန့်သောငြားလည်း မိမိရို့ စတင်ခရေနိကနီ အဂုရောက်ဟိပါလတ်တေနီရာကို တိုင်းတာကြည့်ဖို့ဆိုကေ အနှစ်သာရအားဖြင့် ပိုပြီးကေ လေးနက်မှုဟိရေ။ လက်တွိ့ကျကျ တိုက်ပွဲဝင်နိုင်မှု စွမ်းရည်နဲ့ အနီအထားတိ ပိုမိုပီပြင်ခိုင်မာလာစွာကို တွိ့ဟိရဖို့ဖြစ်တယ်။ ရက္ခိုင်လူထုအနီနန့်လည်း အယင်ထက်ပိုလို့ နိုးနိုးကြားကြားနန့် တက်ကြွလာရေ။ ရလဒ်ကောင်းတိကို ပိုလိုထင်သာမြင်သာဟိလာရေ။ သို့သော် မိမိရို့ရောက်ဟိနီရေ နီရာကနီမျှော်မှန်းထားရေနီရာ ခရီးပန်းတိုင်ကို ဆက်လက်လျှောက်လှမ်းချီတက်ဖို့အတွက် လုပ်စရာတိ ပြင်ဆင်စရာတိ အများကြီးဟိနီရေပိုင် ကြိုတင်မြင်နီရရေ အခက်အခဲတိနန့် မမြင်ရသိရေ စိန်ခေါ်မှုတိအတွက် အကောင်းဆုံးပြင်ဆင်တည်ဆောက်လားရဖို့ဖြစ်တေ။ ရဲဘော်ရို့…… ရက္ခိုင့်တပ်မတော်သည် တော်လှန်ရီး ဘဝပီးအခြီအနီ အမျိုးမျိုးကြောင့် မဟာမိတ်ကချင်နီမြီနန့် ရခိုင်ပြည်ပြင်ပနီရာအသီးသီးမှာ အခြေပြုအားယူ တည်ဆောက်လာလတ်ပြီး တစ်ချိန်တည်းမှာ အမှန်တရားနန့် အဖိနှိပ်ခံညီနောင်လူမျိုးများအားလုံး လွတ်မြောက်ရီးအတွက် ဘုံရန်သူအဏာရှင်၏ ခါးပိုက်ဆောင် မြန်မာစစ်တပ်ကို ရောက်ရေနီရာက မဟာမိတ်ညီနောင်များနန့်လက်တွဲပြီးကေ တိုက်ပွဲဝင်ယင်း တိုက်ရည်ခိုက်ရည်နန့်ပတ်သတ်တေ အတွိ့အကြုံနန့် အရည်အချင်းတိကို ရသင့်သလောက် ရဟိလာလတ်ဗျာလ်ဖြစ်တေ။ အခြားတစ်ဘက်မှာ မိမိရို့အနီနန့် အခက်အခဲအမျိုးမျိုးကြားက ရောက်သင့်ရောက်ထိုက် ဟိသင့်ဟိထိုက်တေ နီရာတိမှာလေ့သင့် အခြီချတိုက်ပွဲဝင် လာနိုင်စွာကို ရဲဘော်ရို့အားလုံးအသိပင်ဖြစ်တေ။ ရဲဘော်ရို့….. ငါရို့ရက္ခိုင့်တပ်မတော်သည် ရခိုင်လူမျိုးများ၏ ဖိနှိပ်ခံ ဆင်းရဲတွင်းနက် ဂုတ်သွီးစုတ်ခံ အုံးပုန်းကိုလိုနီဘဝက လွတ်မြောက်နိုင်ဖို့နန့် ရက္ခိုင့်အနာဂတ်ကိုတစ်ဖန် ပြန်လို့ ထွန်းပြောင်တောက်ပလာအောင် အာအခံချက်ပီးနိုင်ဖို့ ဒေကမ္ဘာမြီကြီးထက်က ရခိုင်လူမျိုး၏ဂုဏ်ဒြပ်နန့် သမိုင်းသစ်ကို လူမှန်နီရာမှန် ပြန်လည်ရောက်ဟိစီဖို့ အတွက် ရခိုင်ရို့၏အဓီကကျဆုံးသော မျှော်လင့်ချက်ထားရာ အမျိုးသားတပ်မတော်အဖြစ် ဒေထက်ခိုင်မာပီပြင်လာအောင် ကြိုးစားတည်ဆောက်လားဂတ်ရဖို့ဖြစ်တေ။ ဒေထက်မက ကျယ်ပြန်ရေစိတ်ဓာတ် အသိသဘောတရားတိကို အခြီပြုပနာ ရခိုင်လူထုနန့် တစ်သားတည်း လက်ချင်းဆက် တိုက်ပွဲဝင်ပြီးကေ ရက္ခိတအိပ်မက်ကို လက်တွိ့ကျကျ ယုတ္တိဆန်ဆန် အကောင်အထည်ဖေါ် တည်ဆောက်လားရဖို့ဖြစ်တေ။ ရခိုင်လူမျိုးတိ၏ ဆုံးယှုံးနစ်နာမှု အမှန်တရားနန့် အမျိုးသားလွတ်မြောက်ရီးရို့အတွက် တိုင်းပြည်နန့်လူမျိုးကို ထိထိမိမိကိုယ်စားပြုနိုင်ရေ ရခိုင်အမျိုးသားထုကို သဟဇာတ ဖြစ်အောင် စုစည်းပြီးကေ အမျိုးသားအင်အားစုကြီးတစ်ရပ်နန့် အမျိုးသားရေး လှုပ်ရှားမှုကြီးတစ်ခုကို စနစ်တစ်ကျပုံဖေါ်တည်ဆောက်နီရေ။ အမျိုးသားညီညွတ်ရေးအတွက် ပြန့်ကြင်းနီရေ အင်အားစုချေတိကို အကောင်အထည်ဖေါ်ယင်း လက်တွိ့ကြိုးစားယင်းနန့်ပင် မျိုးချစ်နာမည်ခံပြီးကေ နီရာယူထားဂတ်စော်တိကို ကြုံတွိ့လာရေ။ အမျိုးသားရီးကို အခြီခံခုတုံးလုပ်ပနာ အမျိုးသားရီးစကား နိုင်ငံရီးတော်လှန်ရီးစကားတိကို တာဝန်မယ့်ပြောပနာ နီရာလု ထိုင်ခုံလု ယောင်ခြောက်ဆယ်ပျင်နိဂတ်တေ အကျင့်ဆိုးတိကိုလေ့ ပိုလို့မြင်တွိ့လာရရေ။ သိဟိလာရရေ။ ကိုယ့်ရို့တိအနီနန့် အမျိုးသားရီးသတိ တော်လှန်ရီးသတိ သမိုင်းတိထဲက သင်ခန်းစာတိကို အခြီခံပနာ လက်တွိ့ဆန်ရေ တာဝန်ယူမှုတိနန့် ပြတ်ပြတ်သားသား ဆောင်ရွက် လုပ်ကိုင်ဖို့လိုအပ်တေ။ တစ်ပြိုင်တည်းမှာ ပြဿနာများ၏ အရင်းအမြစ်တိကိုလေ့ ခွဲခြားသုံးသတ်ပနာ ပိုမိုကောင်မွန်လာအောင် အဖြေယှာဆောင်ရွက်လားရဖို့ဖြစ်တေ။ မျိုးရိုးဗီဇအရ ယေဘုယျအားဖြင့် သတ္တိကောင်းရေ တစ်ဦးချင်းထက်မြက်တေ၊ အရည်အချင်းတိကို ပိုင်ဆိုင်ဂတ်တေ၊ မျိုးချစ်စိတ်အားမာန် ပြင်ထန်ငြားသော်လေ့ စည်းကမ်းနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတိ၊ သတိတရားနန့် တာဝန်ယူမှုတိ၊ စည်းလုံးညီညွတ်မှုတိမှာ အဖျားချူးနီရေ။ ဒေအားနည်းချက်တိကိုပြုပြင်ပြီးကေ တာဝန်ယူမှုအသိတရားတိနန့် မိမိရို့တိုင်းပြည်ကို ပြည်လည်တည်ဆောက်ရီးသည် ရက္ခိုင့်ကံကြမ္မာကို ရက္ခိုင်သားလက်နန့် ဖန်တီးရီး၏ အဓိကသော့ချက်ဖြစ်တေပိုင် ရက္ခိတလမ်းစဉ်၏ အခြီခံကျရေ သဘောတရား တစ်ခုလည်းဖြစ်တေ။ မိမိရို့၏ လက်တွိ့ဖြတ်သန်းမှု အတွိ့အကြုံအရ အနာဂတ်ရခိုင့်လူဘောင်ကို ပိုကောင်းအောင်တည်ဆောက်ဖို့အတွက် အမျိုးသားရီးအင်အားကို စုစည်းခိုင်မာအောင် ညီညွတ်မှု ကို တည်ဆောက်ရာမှာလေ့သို့ အခွင့်အရီးသမားတိ၊ သာရာပေါင်းနတ်ယောင်ကားတိ၊ အပြောကောင်း နီရာရူး တာဝန်မဲ့ ဖြိုခွဲရီးသမားတိအတွက် ခြွင်းချက်ဆိုစော် ထားရဖို့လိုအပ်တေ။ လက်ဟိအခြီအနီအရ ပေါင်းသင့်ပေါင်းထိုက်ရေလူကို ပေါင်းဖို့ထက် မပေါင်းသင့်မပေါင်းထိုက်တေလူတိကို မပေါင်းမိဖို့ အရေးကြီးရေ။ နိုင်ငံရီး အမျိုးသားရီး ဗလာနံတိကို ယှောင်ယှား ဖယ်ယှားခြင်းရေ မင်္ဂလာတစ်ပါးဖြစ်တေ။ ယေမှရာ စစ်မှန်ရေ အမျိုးသားရီးအားမာန်နန့် ယုံကြည်အားထားလောက်တေ ညီညွတ်ရီးကို တည်ဆောက်ရဟိလာဖို့လို့ မှာကြားလိုရေ။ မိမိရို့ရက္ခိုင့်တပ်မတော်အနီနန့် ရက္ခိတလမ်းစဉ်ကိုချမှတ်ပြီးကေ ရရိုက်စိုက်စိုက် တစ်ဆင့်ပြီးကေတစ်ဆင့် အကောင်အထည်ဖေါ်လို့ ဟိနီရေ။ 2014 မေလမှာ ကျင်းပခရေ ကျောက်ဖြူ ရခိုင်အမျိုးသားညီလာခံမှာ ရခိုင်လူမျိုးတိလက်ဟိခံစားနီရရေ ဆုံယှုံးနစ်နာမှုတိကို ကုစားနိုင်ဖို့ လွတ်မြောက်ဖို့ လမ်စအတွက်ပွင့်လင်းမှု၊ ညီညွတ်မှုလမ်းစဉ်တိအတွက် ထားခရေ မျှော်လင့်ချက်တိနန့် ညီလာခံဆုံးဖြတ်ချက်တိလေ့ တာဝန်ယူမှု တာဝန်ခံမှု စုစည်းလုပ်ကိုင်မှုတိ မဟိရေအတွက် ဒေနိဒေအချိန်မှာ ကြက်ဖင်ရီဆုံး ဖြစ်လားခရေ။ သင်ခန်းစာယူစရာဖြစ်တေ။ ရဲဘော်ရို့….. အဂုလက်ဟိ မြန်မာအစိုးရနန့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတိ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရီးထိုးရီး ကိစ္စရပ်တိနန့် ပတ်သတ်လို့ မိမိရို့ ရက္ခိုင့်တပ်မတော်အနီနန့် အယုံအကြည်မဟိသော်ငြားလေ့ သတိကြီးစွာထားပြီးကေ စောင့်ကြည့်လုပ်ကိုနီရေ။ အခြီအနီအပြောင်းအလဲ အပေါ်မှာ မူတည်ပြီးကေ မိမိရို့၏ရပ်တည်ချက် ယုံကြည်ချက်ပြောင်းလဲခြင်းမဟုတ်။ ပန်းတိုင်ကို လက်လျော့ခြင်းမဟုတ်ဆိုစွာကို သဘောပေါက်ထားဖို့လိုရေ။ အနီအထားတိ အမျိုးမျိုးပြောင်းလဲနီရေ။ အခြေအနီအရ ပေါ်ပေါက်လာရေ စစ်ရီး နိုင်ငံရီးအခွင့်အလမ်းတိကို အသုံးပြုပြီးကေ တိုင်းပြည်နန့်လူမျိုးအတွက် အကောင်းဆုံးစွမ်းဆောင်ပီးဖို့ အလုပ်အကျွေးပြုဖို့ လိုအပ်တေ။ ငါရို့ ရက္ခိုင့်တပ်မတော်သည် ရခိုင်လူမျိုးများ၏ သီရီးရှင်ရီး အနာဂတ်အာမခံချက်၏ အဓိကအားထားရာ ကြိုးရိုးမဏ္ဍိုင်ဖြစ်တေအတွက် ဇာခါလေ့သော့ ယုံကြည်ချက်လက်နက် စစ်ရီးလက်နက်တိကို စွန့်လီဖို့မဟုတ်။ ရက္ခိုင့်တပ်တော်၏ အောင်ပွဲသည် ရက္ခိုင်အမျိုးသားအောင်ပွဲဖြစ်သည်။ ရဲဘော်ရဲမယ်အပေါင်း တိုက်ပွဲဝင်ရန် အားလုံးအဆင်သင့်ပြင်ထားဂတ်ပါ။ ရက္ခိုင်မိဘပြည်သူ တစ်ရပ်လုံးလေ့သော့ တတ်နိုင်ရေနီရာက အကောင်းဆုံးပါဝင်ဖို့အတွက် နိုးနိုးကြားကြားဟိနီဂတ်ဖို့ လေးစားစွာ တိုက်တွန်းယင်း နိဂုံးချုပ်အပ်တေ။

Read More
on Tuesday, January 19, 2016

ရက္ခိုင်မိဘပြည်သူလူထုများနှင့် အဖိနှိပ်ခံ မြန်မာနိုင်ငံ သားများအားလုံး နှစ်သစ်တွင် လွတ်လပ်စွာ၊ ငြိမ်းချမ်းစွာဖြင့် လိုရာဆန္ဒအ ဝဝပြည်ဝနိုင်စေကြောင်း မိမိတို့ရက္ခိုင့်တပ်မတော်မှ နှုတ်ခွန်းဆက်သအပ်ပါသည်။ ၂၀၁၆ - ခုနှစ်သည် လူတိုင်းလိုလားတောင့် တနေသော ဒီမိုကရေစီအပြောင်းအလဲ၊ ငြိမ်းချမ်းရေးများကို ဆောင်ကြဉ်းလာ သောနှစ်တစ်နှစ် ဖြစ်ပါစေကြောင်း ဆုဆောင်းမျှော်လင့်မိပါသည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲနှင့် ငြိမ်းချမ်းရေးလမ်းစများမှာ လှမ်းမြင်နေရသော် လည်း ၎င်းခရီးသို့ ချီတက်ရာလမ်းကြောင်းတွင် အခက်အခဲ အဖုအထစ်များရှိနေသေးသောကြောင့် ၎င်းအတားအဆီးများကို တူညီပြီး မှန်ကန်သော စိတ်သဘောထားများဖြင့် အတူတကွ ဖြေရှင်းနိုင် ကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ထို့အပြင် လက်ရှိမြန်မာနိုင်ငံအတွင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကို နိုင်ငံရေးနည်းလမ်းဖြင့် မှန်မှန်ကန်ကန် စေ့စပ်ဖြေရှင်းနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် လုပ်သင့်လုပ်ထိုက် သည်များကို လုပ်ဆောင်ကြရန်ကိုလည်း ရက္ခိုင့်တပ်မတော်မှ မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။ နှစ်ပေါင်း(၆၀)ကျော်ကြာဖြစ်ပွားလျှက်ရှိနေဆဲ ပြည်တွင်းစစ်တိုက်ပွဲများအား အဆုံးသတ်ပြီး ပြည်သူလူထုတစ်ရပ်လုံးလိုလားသော ဘဝဆန္ဒ၊ နိုင်ငံရေးဆန္ဒများနှင့် ပြည့်စုံစေပြီး လှပသော အနာဂတ်ကို တည်ဆောက်နိုင်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။ ရက္ခိုင့်တပ်မတော်အနေဖြင့် မလွဲမရှောင်သာ စစ်ရေးအရ ခုခံကာကွယ်စစ်ပွဲများ ကို ဆင်နွှဲနေရသော်လည်း နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးအဖြေရှာရန်လုပ်ငန်းအား အမြဲတမ်း ကြိုဆိုပြီး အဆင်သင့်အနေထားတွင် ရှိနေပါ ကြောင်း မိဘပြည်သူတစ်ရပ်လုံးအား လေးစားစွာအသိပေးအပ်ပါသည်။ ရက္ခိုင့်တပ်မတော်အပေါ် မြန်မာအစိုးရ၏ မြန်မာစစ်တပ်မှ လူအင်အား၊ လက်နက်အင်အား အများအပြားဖြင့် ပြင်းထန်ရက်စက်သော ထိုးစစ်ဆင်တိုက်ခိုက်ချေမှုန်းနေမှုများအပေါ် အားလုံးမျက်မြင်ကိုယ်တွေ့ပင် ဖြစ်ပါသည်။ ရက္ခိုင်အမျိုးသားထုတစ်ရပ်လုံးအနေဖြင့် ဤကဲ့သို့သောကိစ္စရပ်များအပေါ် စိတ်မကောင်း ဆုတောင်းပေးနေရုံမျှဖြင့် အဖြေထွက်လာမည်မဟုတ်ဆိုသည်ကို သိနားလည်ပြီး ရက္ခိုင်လူမျိုးတစ်ရပ်လုံး စုစည်းညီညွတ်စွာဖြင့် အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ တသားတည်းရပ်တည်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ ရက္ခိုင့်တပ်မတော်၏ လုပ်ငန်းစဉ်များတွင် မျိုးချစ်စိတ်ဓာတ်ထက်သန်စွာဖြင့် စိတ်အား၊ ကိုယ်အား၊ ရန်ပုံငွေ၊ အကြံကောင်း၊ ဉာဏ်ကောင်းများကို ဝိုင်းရံပံ့ပိုးပေးကြသူများ၏ တိုင်းပြည်နှင့်လူမျိုးအပေါ်ထားရှိသော အမျိုးသားရေးစေတနာကို မိမိတို့ရက္ခိုင့် တပ်မတော်မှ လေးလေးနက်နက်မှတ်တမ်းတင် ဂုဏ်ပြုအပ်ပြီး ၎င်းတာဝန်များကို ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်ကြရန်ကိုလည်း ဆက်လက်တိုက်တွန်းအပ်ပါသည်။ “ ရက္ခိုင့်တပ်မတော်၏တိုက်ပွဲသည် ရက္ခိုင်ပြည်သူလူထု၏တိုက်ပွဲဖြစ်ပြီး ရက္ခိုင့်တပ်မတော်၏အောင်မြင်မှုသည် ရက္ခိုင်လူမျိုး၏ အောင်မြင်မှုဖြစ်သည်” ဆိုသော သဘောတရားအတိုင်း မိမိတို့လူမျိုး၏ ကောင်းမွန်သော အနာဂတ်တခုအတွက် ၂၀၁၆ နှစ်သစ်ကာလတွင် မျှော်လင့်ချက်အသစ်၊ ခွန်အားအသစ်တို့ဖြင့် လျှောက်လှမ်းနိုင်ကြရန်အ တွက် ရက္ခိုင့်တပ်မတော်မှ နှစ်သစ်ကူးဆုတောင်း လိုက်ပါသည်။ စစ်ဦးစီးချုပ် စစ်ရုံးချုပ် ရက္ခိုင့်တပ်မတော်

Read More
on Monday, January 18, 2016

ULA/AA ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော် သဘောထားထုတ်ပြန်ကြေညာချက်

အမှတ် ၁/၂၀၁၆ ၁၃၇၇-ခုနှစ်၊ နတ်တော်လပြည့်ကျော် (၁၃)ရက် (၂၀၁၆-ခုနှစ်၊ ဇန်နဝါရီလ (၈)ရက်) ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာစစ်တပ်တို့သည် ရခိုင်ပြည်၊ ကျောက်တော်မြို့အနီး ရမ်းချောင်းတောင်တန်းတဝိုက်တွင် ၂၀၁၅-ခုနှစ်၊ ဒီဇင်ဘာလ(၂၇)ရက်နေ့မှစ၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။ ရက်သတ္တပတ် ၁-ပတ်ကျော်ကြာသည်အထိ တိုက်ပွဲများပြင်းထန်ခဲ့ပြီး ယခုအချိန်တွင် မြန်မာ့တပ်မတော်ဖက်မှ ပြည် (ဒကစ)၊ တပ်မ-၆၆ မှ တပ်များကိုပါ ထပ်မံအင်အားဖြည့်တင်းပြီး စစ်ဆင်ရေးကြီးများကို ဆက်တိုက်ပြုလုပ်လာနေပါသည်။ တိုက်ပွဲအတွင်းတွင် မြန်မာစစ်တပ်သည် လူအင်အား၊ လက်နက်ကြီးများကို အများအပြားသုံးပြီး တိုက်ခိုက်ခဲ့သော်လည်း ၎င်းတို့ဖက်မှ အရာရှိကြီးများအပါအဝင် အင်အား(၁၅၀)ကျော် ကျဆုံးပြီး (၂၀၀)ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါသည်။ ရက္ခိုင့်တပ်မတော်အနေဖြင့် မြန်မာစစ်တပ်ဖက်မှ လက်ပစ်ဗုံး၊ မြေမြှုပ်မှိုင်း၊ RPG ၊ အမြောက်ဆံ၊ လက်နက်ငယ်ကျည်ဆံ၊ လက်နက်ကြီးဗုံးသီးအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ၊ ရိက္ခာများကို သိမ်းဆည်းရမိခဲ့ပါသည်။ တိုက်ပွဲကာလအတွင်းတွင် မိမိတို့ဖက်မှ ရဲဘော်(၁)ဦးနှင့် အခြားအဆင့်(၁)ဦး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူသွားခဲ့ပါသည်။ ၂၀၁၆ ဇန်နဝါရီလ (၇)ရက်နေ့တွင် မြန်မာအစိုးရပိုင် “ မြဝတီ” သတင်းစာတွင် မိမိတို့ ရက္ခိုင့်တပ်မတော်အား အခြေအမြစ်မရှိသည်များကို စွပ်စွဲ၊ ဝါဒဖြန့်ရေးသားနေမှုများမှာ ရက္ခိုင့်တပ်မတော်၏ နိုင်ငံရေး၊ အမျိုးသားရေး ရပ်တည်ချက်များကို နိုင်ငံတကာမှ အထင်အမြင်သေးပြီး သေးသိမ်စေရန်နှင့် ပြဿနာများကို ပိုမိုရှုပ်ထွေးစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ထိုးနှက်တိုက်ခိုက်လာနေသည်ဟု သုံးသပ်မိပါသည်။ ဤသည်မှာ နိုင်ငံပိုင်အစိုးရသတင်းစာတစ်ရပ်၏ တာဝန်မဲ့ရေးသားမှုများပင်ဖြစ်ပါသည်။ အထက်ပါ မမှန်မကန်စွပ်စွဲဝါဒဖြန့်ရေးသားမှုနှင့်ပတ်သက်၍ မိမိတို့ရက္ခိုင့်တပ်မတော်သည်- - အမျိုးသားတန်းတူရေးနှင့်လွတ်မြောက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ရေးတို့အတွက် မလွှဲမရှောင်သာတိုက်ပွဲဝင်နေရခြင်းဖြစ်ပြီး ရခိုင်ပြည်နှင့် ရခိုင်လူထု၏အကျိုးစီးပွားကို မည်သည့်အခါတွင်မှ ပျက်ပြားအောင်လုပ်ဆောင်လိမ့်မည် မဟုတ်ပါ။ - ၎င်းတို့စွပ်စွဲထားသော ကုလားဆိုးအကြမ်းဖက်အဖွဲ့အစည်းများ၊ တရားမဝင်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်း၊ ထိတွေ့ဆက်ဆံခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း (လုံးဝ လုံးဝ) မရှိပါ။ အထက်ပါကိစ္စရပ်မျိုးများကိုလည်း မည်သည့်အခါတွင်မှ ပြုလုပ်လိမ့်မည်မဟုတ်ဆိုသည်ကို မိဘပြည်သူတစ်ရပ်လုံးအား လေးစားစွာ အသိပေးအပ်ပါသည်။ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း၊ ရှမ်းမြောက်ဒေသနှင့် ရခိုင်ဒေသများ၌ ဖြစ်ပွားလျှက်ရှိသော တိုက်ပွဲများသည် နိုင်ငံရေးကိုအခြေခံ၍ ဖြစ်ပွားလျှက်ရှိသော ပြည်တွင်းစစ်ပဋိပက္ခတိုက်ပွဲများသာဖြစ်သည်။ ၎င်းပြဿနာများကို အဖြေရှာရာတွင် မြန်မာနိုင်ငံအတွင်းရှိ တိုက်ပွဲဖြစ်ပွားရာဒေသများမှ သက်ဆိုင်ရာ Stakeholders တိုင်းရင်းသားများ အားလုံးပါဝင်ပြီး နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမှသာ ပြေလည်နိုင်မည်ဟု မိမိတို့ရက္ခိုင့်တပ်မတော်အနေဖြင့် ယုံကြည်ပါသည်။ မြန်မာအစိုးရနှင့် မြန်မာစစ်တပ်ထဲမှ အဓိကတာဝန်ရှိသူ ခေါင်းဆောင်များသည် နိုင်ငံရေးကိုအခြေခံ၍ ဖြစ်ပေါ်လာသော ပြဿနာအဝဝကို နိုင်ငံရေးအရဖြေရှင်းရန်မကြိုးစားဘဲ ခေါင်းမာစွာဖြင့် စစ်ရေးအရအင်အားသုံးဖြေရှင်းနေသမျှကာလပတ်လုံး မိမိတို့တိုင်းရင်းသားများ အချင်းချင်းအကြားတွင် မလိုလားအပ်သော သွေးမြေကျမှု၊ ကျဆုံးမှု၊ နာကျင်ကြေကွဲမှုနှင့် အမုန်းတရားများကိုသာ ပို၍ဖြစ်ပွားစေပါသည်။ မြန်မာစစ်တပ်သည် တိုင်းရင်းသားဒေသအသီးသီးရှိ ကျေးရွာများတွင် စစ်ဆင်ရေးကာလအတွင်း၌ လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ ပေါ်တာဆွဲခြင်း၊ ရွာသားများအား လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်း၊ ရွာသားများပိုင်ဆိုင်သော ကျွဲ၊ နွား၊ တိရစ္ဆာန်များကိုသတ်စားခြင်း၊ ဆန်စပါးများကို ယူငင်သုံးစွဲခြင်း၊ တိုင်းရင်းသူများအား မုဒိမ်းကျင့်ခြင်းအစရှိသော စစ်ရာဇဝတ်မှုကျူးလွန်မှုများကို ပြုလုပ်လေ့ရှိသည်။ ထို့ကြောင့် ရခိုင်ကျေးရွာများတွင် မြန်မာစစ်တပ်၏ စစ်ရာဇဝတ်ကျူးလွန်ခဲ့မှုများအား ပြည်သူများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် ပူးပေါင်းလျှက် စနစ်တကျမှတ်တမ်းတင်ပြီး ဥပဒေကြောင်းအရ ဆောင်ရွက်သွားပါမည်။ ထို့အပြင် မိမိတို့ ရခိုင်လူမျိုးများ၏ အမျိုးသားရေးနစ်နာချက်များကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော် (ULA/AA) အနေဖြင့် ဆက်လက်တောင်းဆိုဆောင်ရွက်သွားမည်ဖြစ်သည်။ မိမိတို့ ရက္ခိုင့်တပ်မတော်သည် စစ်မှန်သောငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါသည်။ ထို့ကြောင့် နှစ်ပေါင်း (၆၀)ကျော်ကြာဖြစ်ပွားလျှက်ရှိသော ပြည်တွင်းစစ်ပြဿနာများ၊ နိုင်ငံရေးပြဿနာများကို အဖြေရှာရာတွင် အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမျိုးအတွက် ဖိတ်ခေါ်မည်ဆိုပါက အချိန်တိုင်းတွင် အဆင်သင့်ရှိပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။ United League Of Arakan / Arakan Army ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် / ရက္ခိုင့်တပ်မတော် ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန's photo. ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန's photo.

Read More

ရက္ခိုင့်တပ်မတော် စစ်ဦးစီးချူပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်နှင့် ဧရာဝတီ ဆက်သွယ်မေးမြန်းချက် (အင်တာဗျူး) ရန်ကုန်၊ ဇန်န၀ါရီ ၉ ရက် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အနီး ရမ်းချောင်းတောင်တန်း တ၀ိုက်တွင် အစိုးရတပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA) တို့အကြား ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်မှ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများ ရပ်တန့်သွားပြီ ဖြစ်သော်လည်း စစ်ရေးအခြေအနေ တင်းမာနေသည့် အနေအထား ရှိနေဆဲဖြစ်သည်။ တိုက်ပွဲကာလအတွင်း တပ်မတော်ဘက်မှ အရာတချို့ ကျဆုံးခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိခြင်းတို့ ရှိသည်ဟု တပ်မတော်ပိုင် မြ၀တီသတင်းဌာနမှ ဇန်န၀ါရီလ ၇ ရက်က သတင်း ထုတ်ပြန်ထားပြီး AA ကိုလည်း အပြတ်ချေမှုန်းမည် ဖြစ်ကြောင်း ရေးသားထားသည်။ တပ်မတော်နှင့် AA တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကျောက်တော်မြို့နယ်အတွင်း စစ်ပြေးရှောင်နေရသူ ၂၅၀ ကျော် ရှိနေပြီဖြစ်သည်။ AA သည် အစိုးရမှ ငြိမ်းချမ်းရေး ဆွေးနွေးရန် ချန်လှပ်ခြင်းခံထားရသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ ဖြစ်သည်။ ဧရာဝတီသတင်းဌာန၏ အကြီးတန်းသတင်းထောက် နန်းလွင်နှင်းပွင့်က AA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်ကို ဆက်သွယ်မေးမြန်းထားသည်။ မေး ။ ။ လက်ရှိ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ စစ်ရေးအခြေအနေ ဘယ်လိုရှိပါသလဲ ။ ဖြေ ။ ။ လောလောဆယ် တိုက်ပွဲတို့၊ ပစ်တာခတ်တာတို့တော့ မရှိဘူး။ စစ်ဆင်ရေး လှုပ်ရှားမှုတွေကတော့ အရမ်း များနေတယ်။ တပ်အင်အားတွေ ထပ်ပြီး တိုးလာတယ်။ တပ်မ (၆၆) လည်း ၀င်လာတယ်။ အရင်တုန်းကတော့ စကခ ၂ ခုရယ်။ စစ်တွေ ဒကစ ရယ်။ အမ်း မပခတွေနဲ့ ဆိုင်ပြီး တိုက်ပွဲဖြစ်နေတာပါ။ ကျနော်တို့ စစ်ကြောင်းတွေက လှုပ်ရှား စစ်ကြောင်းဆိုတော့ နည်းနည်း တိုက်သင့်တာ တိုက်တယ်။ ခွာသင့်တာလည်း ခွာထားတယ်။ အခုတော့ ကျနော်တို့ အရပ်ဘက်ကနေ သတင်းကြားချက်တွေအရ ပဲခူးတိုင်းက တပ်တွေလည်း လာနေတယ်။ တပ်မ (၆၆) လည်း ထပ်ရောက်လာတယ်။ စစ်ဆင်ရေးတွေ အရမ်းများနေတော့ တိုက်ပွဲတွေက အချိန်မရွေး ဖြစ်လာဖို့ များပါတယ်။ မေး ။ ။ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဇန်န၀ါရီလ ၇ ရက်က မြ၀တီက သတင်းထုတ်ပြန်ထားတဲ့ အပေါ်မှာရော ဘယ်လို သဘောထား ရှိပါသလဲ။ ဖြေ ။ ။ အစိုးရရဲ့ ထုတ်ပြန်ချက် တခုအနေနဲ့ဆိုရင် ဒီထက်ပိုပြီး တာဝန်ခံမှု ရှိသင့်တယ်။ သတင်းတခုကို ပစ်စလတ်ခတ် ထုတ်ပြန်တာမျိုး မဖြစ်သင့်ဘူး။ အသေးစိတ်တွေကတော့ ပြောမယ်ဆိုရင် ပြောလို့ရတယ်။ အနှစ်ချုပ်အပိုင်းပေါ့။ အမြစ်ပြတ် ချေမှုန်းမယ် ဆိုတာတွေက နိုင်ငံရေးမုဒိတာကို ထင်ဟပ်စေတယ်လေ။ အမြစ်ပြတ် ချေမှုန်းတယ်ဆိုတာက နိုင်ငံရေးအရ အဖြေမရှာချင်ဘူးဆိုတဲ့ သဘောတွေ ဖြစ်နေတယ်။ အဲဒါတွေ အပေါ်မှာလည်း ကျနော်တို့ဘက်က အများကြီး စဉ်းစားစရာတွေ ရှိနေတယ်။ သူတို့က ကျနော်တို့ကို အမြစ်ဖြတ်ပြီး ချေမှုန်းမယ်ဆိုရင် ကျနော်တို့ အနေနဲ့လည်း စဉ်းစားစရာတွေ ပြင်ဆင်စရာတွေ အများကြီး ဖြစ်သွားတာပေါ့။ မေး ။ ။ သတင်းထုတ်ပြန်ချက်တွေမှာ AA ဘက်က လက်ဖြောင့်တပ်သား (စနိုက်ပါသမား) တွေ ပါတယ်လို့ ဆိုထားပါတယ်။ ရခိုင်ပြည်နယ်အတွင်း နယ်မြေအခြေစိုက်တပ်စခန်း ထားနိုင်ဖို့ နယ်စပ်က အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးဖို့ စီစဉ်နေတယ်ဆိုတာရော ဟုတ်ပါသလား။ ဖြေ ။ ။ အဲဒါကတော့ အခြေအမြစ် မရှိတဲ့ စွပ်စွဲမှုတွေပဲဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ပုံရိပ်ကို သေးသိမ်အောင် အခြေအမြစ် မရှိဘဲ လျှောက်ပြောတာဖြစ်တယ်။ အစိုးရတခုအနေနဲ့ ထုတ်ပြန်ချက်တခုမှာ ဘာမှ အခြေအမြစ် မရှိတဲ့ဟာတွေကို လျှောက်ပြောတယ်။ စိတ်ခံစားချက်တွေပေါ့။ တိုက်ပွဲအနေနဲ့ လက်နက်တို့၊ အင်အားတို့ကတော့ ဗျူဟာအပိုင်းတွေ ဆိုတော့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးဆိုတော့ ထုတ်မပြောလိုပါဘူး။ ရခိုင်တိုက်ပွဲမှာ တခြား မဟာမိတ်တပ်တွေ ကူညီတာမျိုး မရှိသေးပါဘူး။ ရခိုင်ပြည်မှာ ကျနော်တို့ ရခိုင်တပ်ပါပဲ ။ မေး ။ ။ တိုက်ပွဲမှာ AAဘက်က အထိအခိုက်ရော ဘာတွေ ရှိပါသလဲ ။ ဖြေ ။ ။ အထိအခိုက် အနေနဲ့ကတော့ ကျနော်တို့မှာ ဒဏ်ရာ အသေးစားရတာ ၃ ဦးပါ။ အသက်ပေးသွားတာ ၂ ဦး ရှိတယ်။ ဒီထက် မပိုပါဘူး။ အဲဒီထဲမှာမှ ၁ ဦး ကိုတော့ ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ဖို့ အချိန်မရဘူး။ ရုပ်အလောင်း တခု သူတို့ (အစိုးရ) ရသွားတယ်။ သူတို့ ပြောဆိုချက်တွေမှာ ၃ ဦး ရတယ်ဆိုတာ မဟုတ်ပါဘူး။ လျှောက်ပြောတာပါ။ မေး ။ ။ လောလောဆယ်မှာ ရခိုင်ပြည်နယ်မှာ AA က လှုပ်ရှားစစ်ကြောင်းတွေပဲ ဆိုတော့ နောက်ပိုင်း အခြေစိုက် စခန်းတွေ တည်ဆောက်ဖို့အတွက် စီစဉ်နေတာ ရှိလား။ ဖြေ ။ ။လောလောဆယ် အခြေအနေအရတော့ အဲဒီ အခြေစိုက် ဆိုတာတွေက မလွယ်ဘူး ထင်တယ်။ စစ်ရေး အနေအထား အရပေါ့။ ကျနော်တို့က အခုကတော့ ၀င်လှုပ်ရှားတဲ့ အပိုင်းပါပဲ။ ကျနော်တို့ လှုပ်ရှားတာကလည်း စစ်ဖြစ်နိုင်တဲ့ အနေအထား လှုပ်ရှားတာ မဟုတ်ပါဘူး။ အရင်ကတည်းက ကျနော်တို့ ရှိပါတယ်။ သူတို့ မသိတာတော့ သူတို့ အပိုင်းပါ ။ ကျနော်တို့က လူအများပြောသလို အစိုးရက နေခွင့်ပေးရင် ဆိုတာထက် ရခိုင်ပြည်မှာ ရခိုင်တပ်က နေခွင့် ရှိကိုရှိတယ် ဆိုတာာကို ကျနော်တို့ ၁၀၀ ရာခိုင်နှုန်း ယုံမှားသံသယ မရှိပါဘူး။ ဒါက ကျနော်တို့ ကိုယ့်အခွင့်အရေးကို ကိုယ်ယူတာပါပဲ ။ မေး ။ ။ ဇန်န၀ါရီလ ၁၂ ရက်နေ့မှာ လုပ်မယ့် နိုင်ငံရေး ဆွေးနွေးပွဲအပေါ် ဘယ်လို သဘောထား ရှိပါ သလဲ ။ ဖြေ ။ ။ ကျနော်တို့ အဲဒါကို အယုံအကြည် မရှိပါဘူး။ ဘယ်လို စကားလုံးတွေနဲ့ပဲ သုံးထား သုံးထားပေါ့။ ကျနော်တို့ တိုင်းပြည်မှာ နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းကြတဲ့ အချိန်တွေမှာ ဟန်ဆောင်လုပ်ရပ်တွေကို ရပ်တန်းက ရပ်ပြီးမှ တကယ် တိုင်းပြည်နဲ့လူမျိုးအတွက် ထိရောက်တဲ့ အလုပ်တွေကို လုပ်သင့်တယ်လို့ မြင်တယ်။ တိုင်းရင်းသားတွေ အားလုံး မပါဝင်တာတွေက ကျန်တဲ့ အဖွဲ့တွေက ဘယ်လို လက်ခံမလဲ ။ နောက်တချက် ထောက်ပြချင်တာက လက်မှတ်မထိုးဘဲနဲ့ တခြားအဖွဲ့တွေကို ဖိတ်ကြားတယ် ဆိုသော်ငြားလည်း ဆွေးနွေးပိုင်ခွင့် မရှိတဲ့ဟာကို မျက်နှာပြပြီး ပြစားခံဖို့တော့ ဘယ်သူမှ အဲဒီလောက် မအတော့ပါဘူး။ ၁၉၄၆-၄၇ လို မအကြတော့ပါဘူး။ မေး ။ ။ အစိုးရသစ်တက်လာမယ့် အချိန်မှာရော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘယ်လို ဖြစ်လာမယ် မျှော်လင့်ထားသလဲ။ တပ်မတော်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အဓိကနေရာမှာ ဆက်ပါမယ်ပေါ့။ ဒါပေမယ့် AA အပါအ၀င် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေနဲ့ တပ်မတော်က သဘောထား တင်းမာနေတော့ ဒါက အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ စိန်ခေါ်မှု ဖြစ်လာနိုင်မလား။ ဖြေ ။ ။ ဒါက ကြီးမားတဲ့ စိန်ခေါ်မှု တရပ်အဖြစ် ရှိနေတယ်။ နောက်လာမယ့် အစိုးရအနေနဲ့လည်း တချို့သော ကိစ္စရပ်တွေကို ရေလိုက်ငါးလိုက် အဆင်ပြေအောင် ဆိုပြီး လုပ်နေတာထက် သတ္တိရှိရှိ ပြတ်ပြတ်သားသား ဆုံးဖြတ်ရဲဖို့ လိုအပ်ပါလိမ့်မယ်။ ဒီလိုမှ မလုပ်ရင် တပ်မတော်က မကြိုက်လို့ ဒါမလုပ်ဘူးဆိုရင် ရှောင်နေမယ်ဆိုရင် သူတို့ မဲဆွယ်ကာလတွေမှာ လူထုကို ပြောခဲ့တဲ့ “ပြောင်းလဲဖို့ အချိန်တန်ပြီ” ဆိုတာ ဘာမှ မပြောင်းလဲဘဲနဲ့ နိုင်ငံရေးအရ လည်း တ၀ဲလည်လည် ဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ကြီးမားသော စိန်ခေါ်မှုတွေကို ကျော်ဖြတ်ဖို့ရာအတွက် သူတို့မှာ သတ္တိတွေ တာဝန်ခံမှုတွေ ရင်ဆိုင်ဖြေရှင်းဖို့ နည်းလမ်းတွေ အများကြီး လိုပါလိမ့်မယ်။ နောက်တခုက တပ်မတော်အနေနဲ့ ရက္ခိုင့်တပ်မတော်ကို ရခိုင်ပြည်မှာ အခြေစိုက်ပြီးတော့ လှုပ်ရှားလာမှာ စိုးရိမ်တာက ရခိုင့်သယံဇာတအရေး၊ အကျိုးစီးပွားတွေနဲ့လည်း တိုက်ရိုက်အချိုးကျပါလိမ့်မယ်။ အခုချိန်မှာ ရင်းနှီးမြုပ်နှံမှုတွေကို သူတို့က စိတ်ကြိုက်စီမံတယ်။ ဒီအပေါ်မှာ ထောက်ပြပြီး သေသေချာချာ ပြောဆိုမယ့် အင်အားစုတွေ သိပ်မရှိဘူး။ ဒါကြောင့် သူတို့က နိုင်ငံရေးအရ အဖြေရှာလို့ ရပါလျက်နဲ့ စစ်ရေးအရ အင်အားတွေ သုံးတယ်။ ဒီအချက်က အဓိကကျတဲ့ အကြောင်းအရာတွေမှာ တချက်အနေနဲ့ ပါပါလိမ့်မယ်။ မေး ။ ။ ဖြည့်စွက်ပြောစရာများ ရှိရင် ပြောပေးပါဦး။ ဖြေ ။ ။ ကျနော် ထပ်ပြောချင်တာကတော့ နိုင်ငံရေးအရ အဖြေရှာတာ အကောင်းဆုံးပါပဲ။ ကျနော်တို့ အဆင်သင့် ရှိနေပါတယ်။ ဒီနည်းလမ်းက အကောင်းဆုံးပါပဲလို့ ကျနော်ပြောလိုပါတယ်။ အကယ်လို့များ အမြစ်ပြတ် ချေမှုန်းရေး ဆိုတာကိုပဲ ရှေ့တန်း တင်ထားမယ်ဆိုရင်တော့ ကျနော်တို့ အနေနဲ့လည်း တခြားသော အစီအစဉ်တွေကို ရှာဖွေ ကြိုးစား ရပါလိမ့်မယ်။ ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန's photo.

Read More

(၅) နှစ်မြောက် ရက္ခိုင့်တပ်မတော်နိ စစ်ဦးစီးချုပ်မိန့်ခွန်း ဒေနိ ၂၀၁၄ ခု၊ ဧပြီလ (၁၀) ရက်၊ ရက္ခိုင့်တပ်မတော်နိဖြစ်တေ ဒေခန်းမကြီးအခန်းအနားကို ကျင်းပခြင်းအားဖြင့် တပ်မတော်တည်ထောင်ခရေ ရည်ရွယ်ချက်၊ ငါရို့ရက္ခိုင်တပ်မတော်၏ အခြေခံမူသဘောထား တော်လှန်ရေးခံယူချက် အမျိုးသားရေးတာဝန်တိကို ရဲဘော်၊ ရဲမယ်အပေါင်းအား ပိုမိုလေးနက်စွာခံယူတတ်လာဖို့နဲ့ တော်လှန်ရေးခံယူချက်တိကို ပိုမိုမြင့်မားခိုင်မာလာအောင် မြှင့်တင်ပီးဖို့ ရည်ရွယ်ထားဟိရေ။ အခြားတစ်ဘက်မှာ မိမိရို့ရခိုင်လူထုကို တော်လှန်ရေး အမျိုးသားရေး နိုးကြားဖို့အတွက် ကြပ်မတ်နိုးဆော်ပီးရာလည်း ရောက်တယ်။ ရဲဘော်ရို့……. အားလုံးသိဂတ်တေအတိုင်း ငါရို့အဖရခိုင်ပြည်ကြီးရေ အမြင်အားဖြင့် ရန်သူနှစ်ယောက်ကြားမှာ ကျပ်ပြီးကေ အကျပ်အတည်းပေါင်းစုံနဲ့ ဒုက္ခရောက်နီရေ။ သို့သော် အမျိုးသားရေး အားကောင်းမောင်းသန်နဲ့ တော်လှန်ရေးနလန်မထူနိုင်ဖြစ်နီရရေ အဓိကလက်သေ တရားခံသည် အသားထဲကလောက်တိရှိရေ သစ္စာဖေါက်တိ အချောင်သမားတိ မျိုးချစ်မျက်နှာဖုံးစွပ်ထားရေ စံရီဖွယ်တိကြောင့်ဖြစ်တေ။ ဒေအတွင်းရန်သူတိကိုလည်း လိုအပ်ကေ လိုအပ်ရေပိုင် ကိုင်တွယ်လာဂတ်ရဖို့ဖြစ်တေ။ စာအုပ်ထဲမှာ ရှိနီရေ ပို့စ်မော်ဒယ် သီအိုရီတိ ဖတ်ဖူးမှတ်ဖူးရေ နိုင်ငံခြားတိမှာကျင့်သုံးနီရေ သီအိုရီတိနဲ့ အနာနဲ့ဆီးတတည့်မကျရေ အတတ်လွန်နိုင်ငံရေး တတိယအင်အားစုဖြစ်လိုရေ ငါသိငါတတ် ပုဂ္ဂိုလ်တိပင်လျှင် အမျိုးသားရေး ပျော့ကွက်တိအဖြစ် စိတ်ဝမ်းကွဲမှု အက်ကြောင်းဖန်တီးသူတိ ဖြစ်လာနိုင်ရေဆိုစော်ကို အထူးသတိထားဖို့လိုအပ်တေ။ ဒေနိရခိုင်လူမျိုးတိ မျက်မှောက် ကြုံတွေ့နီရရေ အနေအထားအရ ဒီမိုကရေစီ တော်လှန်ရေးသည်၎င်း ငါရို့အတွက် ပထမဦးစားပီးမဖြစ်နိုင်။ အမျိုးသားရှင်သန်ရေးနှင့် လွတ်မြောက်ရီးသာလျှင် အဓိကပဓာနကျရေလို့ မှာကြားလိုရေ။ ရက္ခိုင့်တပ်မတော်ကြီး ပြည်သူတစ်ရပ်လုံးနဲ့ လက်တွဲပြီးကေ အခက်အခဲစိန်ခေါ်မှုအပေါင်းကို ဖြတ်ကျော်ပြီး အောင်ပွဲမရကေ ရအောင်၊ တိုက်ပွဲဝင်လားရဖို့ဖြစ်တေ။ ရခိုင်နိုင်ငံတော် ကျရှူံးခစော်ရေ ရခိုင်ယဉ်ကျေးမှုဌာန ကျဆုံးလားလို့မဟုတ်၊ ကျန်းမာရေးဌာနကျဆုံးလားလို့မဟုတ်၊ ငါရို့ရခိုင်နိုင်ငံတော်ကြီး ကျရှူံးလားခစော်ရေ ရက္ခိုင့်တပ်မတော် ကျဆုံးလားလို့ဖြစ်တေ။ ကျွန်ဖြစ်နီရေလူမျိုးတစ်မျိုးအတွက် တော်လှန်ရေးလုပ်ငန်းလောက် အရေးကြီးရေလုပ်ငန်းမရှိ။ ကျူးကျော်ခံနီရရေ တိုင်းပြည်တစ်ပြည် အတွက် ခိုင်မာတင့်တင်းပြီးကေ ဂတိသစ္စာတည်ရေ တပ်မတော်တစ်ရပ်ကို အချိန်မီဖွဲ့စည်းတည်ထောင်နိုင်ဖို့စော်ထက် အရေးကြီးရေလုပ်ငန်းမရှိ။ ဒေချင့်သည်ပင်လျှင် ငါရို့ရခိုင်လူမျိုး များ၏ သီရေးရှင်ရေး အဆုံးအဖြတ်နဲ့ အနာဂတ်အတွက် အဆုံးအဖြတ်ပင်ဖြစ်တေ။ ညီညွတ်ရေးကို အကြောင်းပြပြီးကေ ကိုယ်ကျိုးရှာ အမြတ်ထုတ်လိုရေ အချောင်သမားတိရှိရေ။ လူယုတ်မာတိရှိရေ။ တော်လှန်ရေးမျိုးချစ် နာမည်ခံဗျာလ် ကြုံကေကြုံပိုင် တစ်ခါပြင်မျိုးတိလည်း ရခိုင်တော်လှန်ရေးထဲမှာ ကြမ်းပိုးတိပိုင် ခြင်တိပိုင် ယင်းပိုင်တွယ်ကပ်လို့မွီးဖွားနီဂတ်တေ။ ရှင်သန်လှုပ်ရှားနီဂတ်တေ။ အထူးသတိထားရဖို့ဖြစ်တေ။ ငါရို့တိအနေနဲ့ အခက်အခဲတိ အများကြီးရှိနီကေလည်းသို့ ဒေလုပ်ငန်စဉ်ကို မလွဲမသွေ တည်ဆောက်အကောင်ထည်ဖေါ်လားဂတ်ရဖို့ဖြစ်တေ။ ညီညွတ်ရေး၊ လုပ်ငန်းတာဝန် အထမြောက်အောင်မြင်ရေးအတွက် ငါရို့ရက္ခိုင့်တပ်မတော်ရေ ပြည်သူလူထုတစ်ရပ် လုံးနဲ့တန်းတူ အမျိုးသားရေးအပေါ်မှာ တာဝန်ခံမှု တာဝန်ယူမှု အပြည့်အဝရှိရေ ဇာအဖွဲ့အစည်းနဲ့မဆို လက်တွဲပြီးကေ လုပ်ကိုင်လားရဖို့ဖြစ်တေ။ အမျိုးသားရေး ချွတ်ခြုံကျနီရေ အခြေအနေက ရုံးထွက်နိုင်ဖို့ လွတ်မြောက်နိုင်ဖို့အတွက် ရခိုင်တစ်မျိုးသားလုံးပါဝင်ရေ လှုပ်ရှားမှုကြီးကို ဖေါ်ထုတ်ပြီကေ မိမိရို့လွတ်မြောက်ဖို့ ကိုယ်ရို့တိုင်းပြည်ကို ပြည်လည် တည်ဆောက်ဖို့အတွက် တစ်မျိုးသားလုံးနိုးနိုးကြားကြားနဲ့ ပါဝင်လာနိုင်အောင် ကြိုးစားတည်ဆောက်လားရဖို့ဖြစ်တေ။ အလွယ်တစ်ကူနဲ့ ရန်သူထောင်ချောက်ထဲကို ဝင်လားနိုင်ရေအတွက် မိမိရို့မှာပီပြင်ရေလမ်းစဉ် မှန်ကန်စနစ်ကျရေ ဦးဆောင်မှု ရခိုင်တစ်မျိုးသားလုံးညီညွတ်စွာနဲ့ ရပ်တည်ဖို့ တိုက်ပွဲဝင်လားဂတ်ဖို့ လိုအပ်တေ။ မိမိရို့ရင်ဆိုင်နီရရေ အခက်အခဲပြဿနာတိ အနာဂတ်စိန်ခေါ်မှုတိကို ပီပြင်စွာချမှတ်နိုင်ဖို့လိုအပ်တေ။ ယင်းလိုအပ်ချက်တိကို ဖြည့်ဆည်းနိုင်ဖို့အတွက် မကြာခင်ရက်ပိုင်းအတွက် ကျောက်ဖြူမြို့မှာ ညီလာခံကျင်းမဖို့ရှိရေ။ ရခိုင်အမျိုးသားညီလာခံအား အပြည်အဝထောက်ခံကြောင်း ပြောကြားလိုရေ။ ညီလာခံက ချမှတ်လာဖို့ အမျိုးသားရေးမဟာ ဗျူဟာ နည်းဗျူဟာတိ ဆုံးဖြတ်ချက်တိ၊ လုပ်ငန်စဉ်တိကို ဖေါ်ဆောင်ရေအချိန်မှာလည်း ရက္ခိုင့်တပ်မတော်အနေနဲ့ မိမိရို့နဲ့သက်ဆိုင်ရေ ကဏ္ဍတိုင်းမှာ တက်ကြွစွာနဲ့အောင်မြင်စွာ တာဝန်ကျီပွန်စွာ ထမ်းဆောင်လားဖို့လို့ သန္ဒိဌာန်ချထားရေ။ ယင်းကြောင့် အမျိုးသားညီလာခံ ထမြောက်အောင်မြင်ရေးအတွက် အဘက်ဘက်ကဝိုင်ဝန်းပြီးကေ ဆောင်ရွက်လားဖို့ဖြစ်တေ။ ဒေနိ မြန်မာနိုင်ငံရေးအခြေအနေမှာလည်းသို့ နိုင်ငံရေးအပြောင်းအလဲတိ လုပ်နီရေဆိုသော်ငြားလည်း သေချာမှုမဟိသော မှန်းဆရခက်သော တစ်စုံတစ်ရာ အကောင်အထည် လက်ဆုတ်လက်ကိုင် မပြနိုင်သော ပြောင်းလဲမှုတိရာဖြစ်တေ။ ဒေကြားထဲမှာ မိမိရို့ရခိုင်ပြည်သူတိနဲ့ ရက္ခိုင့်တပ်မတော်အနေနဲ့သော်လည်းကောင်း ကြိုတင်ပြင်ဆင်မှုတိ ပြုလုပ်ထားပြီးကေ သတိကြီးကြီးနဲ့ တပ်လှန့်ထားဖို့လိုအပ်တေ။ အတုယောင်အခွင့်အရေးတိ နောက်ကိုလိုက်ယင်း ရန်သူထောင်ချောက်ထဲ မဝင်မိစီဖို့ ထပ်လောင်းပြီးကေ သတိပီးလိုရေ။ နိဂုံးချုပ်အနေနဲ့ ပြောလိုစော်က အကြောင်းအမျိုးမျိုးကြောင့် ဇာတိမြီကို စွန့်ခွာလားရောက်နီဂတ်ရရေ ရခိုင်လူမျိုးတိ အဖရခိုင်ပြည်ကို ပြန်လာနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ဂတ်ဖို့နဲ့ အမျိုးသားရေးသတိကို လက်မလွတ်စီဖို့ တိုက်တွန်းလိုရေ။ ညီညွတ်ရေးကို တည်ဆောက်စော်မှာလည်းသို့ အတိတ်ကာလက ရရှိပြီးသား သင်ခန်းစာတိကို သတိလက်မလွတ်ဂတ်စီဖို့ တိုက်တွန်းလိုရေ။ စုစည်းကျစ်လစ်ခိုင်မာမှုနဲ့ အမိန့်နာခံမှုအားကောင်းသော တော်လှန်ရေးသစ္စာပြည့်ဝသော ရခိုင်အမျိုးသားတပ်မတော်အဖြစ် ပီပြင်စွာပေါ်ပေါက်လာဖို့ ကြိုးစားတည်ဆောက်ရဖို့ဖြစ်တေ။ လက်နက်ကိုင်တပ်ဖွဲ့အသီးသီးကို ပြန့်ကြင်းပြီးကေ ရောက်ရှိလားဂတ်တေ ရခိုင်စစ်သည်အားလုံးကိုလည်း မိမိရို့ ရက္ခိုင့်တပ်မတော်နဲ့အတူ တစ်ပေါင်းတည်းတစ်စည်းတည်း အဖရခိုင်ပြည်အတွက် တိုက်ပွဲဝင်နိုင်ဂတ်ဖို့ ကြိုးစားတည်ဆောက်ဂတ်ရဖို့ဖြစ်တယ်။ ရခိုင်အမျိုးသားညီလာခံ ထမြောက်အောင်မြင်ရေး ရက္ခိတလမ်းစဉ် ချမှတ်အကောင်အထည်ဖေါ်ရေး အမျိုးသားညီညွတ်ရေး လုပ်ငန်းစဉ်တိကို ဖေါ်ဆောင်ရေးရို့အတွက် အားလုံးလက်တွဲချီတက် တိုက်ပွဲဝင်ဂတ်ပါလို့ ပြောကြားရင်း နိဂုံးချုပ်အပ်တေ။

Read More