အထက်တွင် ဖေါ်ပြခဲ့သည့်အတိုင်း ၁၉၄၇-ခု နှစ် လယ်လောက်ကစခဲ့သော ပြည်တွင်းစစ်သည် ထိုနှစ်ကုန်ခါနီး တွင် အတော်အချိန်ပြင်းလာခဲ့သည်။ စက်တင်ဘာလ ရောက် လျှင် ပြောက်ကျားများဘက်မှ ကျေးလက်ဒေသတခုလုံးလိုလိုကို သိမ်းပိုက်နိုင်ခဲ့လေပြီ၊ ထို့ကြောင့် ပြောက်ကျားများ နည်းဗျူဟာ အနည်းငယ် ပြောင်းလာကာ မြို့သိမ်းတိုက်ပွဲများ စခဲ့သည်။ ထိုနှစ်အောက်တိုဘာလတွင် ရခိုင်ပြည်သူ့ လွတ်မြောက်ရေးအဖွဲ့ ချုပ်၏ ပြောက်ကျားတပ်များက မြေပုံမြို့ကိုလည်းကောင်း၊ ဒီဇင်ဘာလတွင် ဗမာပြည်ကွန်မြူနစ် ပါတီ (ရခိုင်တိုင်း) ပြောက် ကျားတပ်များက ပုဏ္ဏားကျွန်းကိုလည်းကောင်း၊ အသီးသီး ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ သို့သော် ရန်သူက ခေတ်မှီ လက်နက်ကိုင် လူအင်အားများသည့်အပြင် လက်ပစ်ဗုံးများ၊ နှစ်လက်မစိန်ပြောင်း၊ သုံးလက်မစိန်ပြောင်းများအထိ လက်နက် ကြီးများသုံးကာ ခုခံသဖြင့် နှစ်နေရာစလုံးတွင် ပြောက်ကျား များ မြို့ကိုမသိမ်းနိုင်ဘဲ ဆုပ်ခွာခဲ့ကြရသည်။ ထိုသို့ မြို့သိမ်း တိုက်ပွဲများ မအောင်မြင်စေကာမူ ကျေးလက်ဒေသများကို ပိုင်နိုင်စွာ ထိမ်းသိမ်းထားနိုင်ခဲ့သည်။ အတန်ငယ်တည်ငြိမ်သော အုပ်ချုပ်ရေးကို ချနိုင်ခဲ့သည်။ 1950 ခုနှစ်များမှ စုပေါင်းလယ်ယာ စနစ်ကို ထူထောင်ခဲ့သေးသည်။ ဤသို့အားဖြင့် စင်ပြိုင်အစိုးရ ရခိုင်ပြည်တွင် စတင်ပေါ်ပေါက်လာရာကား ဖဆပလ အစိုးရ သည် ရခိုင်သူပုန်နှိမ်နှင်းရေးကို အဓိက ထားရတော့သည်။ များမကြာခင် ထိုရည်ရွယ်ချက်ကို အကောင်အထည်ဖေါ်ရန် ကျော်ဇောစီမံကိန်းခေါ်သော စစ်ဆင်ရေးကို ရခိုင်ပြည်တွင် ချလာသည်။ ထိုကျော်ဇောစီမံကိန်း၏ ဆောင်ပုဒ်တစ်ခုမှာ အာကာတတောင်နှင့် ရခိုင်သူပုန် အပြောင်ဆိုစေကာမူ ချင်းသေ နတ်ကိုင် အမှတ် (၅) တပ်အပြင် ဗမာ့တပ်မတော် အမှတ် (၁) ဗားမားရိုင်ဖယ်တပ်ရင်းမှ တပ်ခွဲနှစ်ခွဲ၊ အမှတ် (၃) ဗားမားရိုင်ဖယ် တပ်ရင်းမှ တပ်ခွဲတစ်ခွဲ၊ ဗမာ့သေနတ်ကိုင်တပ်ရင်းမှ တပ်ခွဲ နှစ်ခွဲနှင့် ပြည်သူ့ရဲဘော်တပ်ဖွဲ့ (ပရတဖ) များပါဝင်သဖြင့် ကြေး တပ်အင်အားသက်သက် (၃၀၀၀) ခန့်ရှိသည့်အပြင် ခေတ်မှီ လက်နက်အင်အားမျိုးစုံတပ်ဆင်ထားသော မြစ်ကြောင်းသွား ရေတပ် သင်္ဘောငယ်များလည်း တဒါဇင်မက ပါဝင်တိုက်ခိုင်သေး သည်။

ရိုင်ဖယ်သေနတ်ဟောင်းများနှင့် ကျည်ဆံဟောင်းများ ကိုသာ သုံးနိုင်သော ရခိုင်ပြောက်ကျားတို့သည် ဤမျှထုထည်ကြီး မားသော ရန်သူတိုက်ခိုက်မှုကို ခံရဖန်များသော် များစွာသော အခြေမခိုင်သေးသော ပြောက်ကျားရဲဘော်များ ရန်သူ့ထံ လက်နက်မဲ့ လက်နက်ချကြသည်။ အခြေအတော်ခိုင်မာပြီးသော အမာခံရဲဘော်များနှင့် ခေါင်းဆောင်များသည်လည်း မြေပြန့်တွင် မခံနိုင်တော့၍ ကျယ်ပြန့်လှသော ရခိုင်ရောမတောနက်ထဲသို့ ဆုပ်ခွာသွားကြရသည်။ ရန်သူတပ်များသည် ထိုအချိန်က ဖြတ်ေ လးဖြတ်နည်းကို နက်နက်ရှိုင်းရှိုင်း မသုံးကြသေးသဖြင့် ပြောက် ကျားများ ရိက္ခာပြဿနာကို ရခိုင်ရိုးမဒေသရှိ ရခိုင်တိုင်းရင်းသား၊ ချင်းလူမျိုးများ အကူအညီနှင့် ဖြေရှင်းခဲ့ရသည်။
ရခိုင်တိုင်း ဗ-က-ပ လက်နက်ချသွားခြင်း
ကွယ်လွန်သူ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာခေါင်းဆောင် အဖွဲ့တဖွဲ့သည် မြန်မာနိုင်ငံ ဘုရင်ခံချုပ် (HUBERT RANCE) စီစဉ်ပေးချက်အရ ဘိလပ်သို့သွားပြီး ၂၇-၁-၄၇ နေ့တွင် အောင်ဆန်းအက်တလီစာချုပ်ကို ချုပ်ဆိုခဲ့သည်။ ထိုအောင်ဆန်းအက်တလီစာချုပ်နနှစ်ပြည့်သောအခါ မြန်မာနိုင်ငံကို စာချုပ်ပါ စည်းကမ်းချက်နှင့်အညီ လွတ်လပ်ရေးပေးရ မည်ဖြစ်သည်။ ၁၇-၇-၄၇ နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရသဖြင့် သခင်နုဆက်လက်တာဝန်ယူပြီး အချက် (၁၇) ချက်ပါ နုအက်တလီစာချုပ်ကို ၁၇-၁၀-၄၇ နေ့တွင် ချုပ်ဆိုခဲ့သည်။ ထိုစာချုပ်အရ ၁၉၄၈ ခုနှစ် ဇွန်နဝါရီလ (၄) ရက်နေ့တွင် ဗမာတို့က အင်္ဂလိပ်ပေးသော လွတ်လပ်ရေးကို လက်ခံခဲ့သည်။ ရခိုင်သူပုန်ချေမှုန်းရေး ကျော်ဇောစစ်ဆင်ရေးကို လည်း ပို၍ပြင်းထန်လာခဲ့သည်။ ကျေးရွာအုပ်စုတိုင်းလိုလိုမှာ ရန်သူ့အခြေခံစခန်းများ ပြန်ချလာ၍ ပြောက်ကျားများသွားလာ လှုပ်ရှားရေးပိုခက်ခဲ့လာသည်။ ဤသို့ ရန်သူထိုးနှက်မှု ပြင်းထန် လာနေချိန်မှာ ဦးကျော်မြ ဦးဆောင်သော ရခိုင်တိုင်း ဗကပ ပြောက်ကျားများ လက်နက်ချသွားကြသည်။ ထို့ကြောင့်ပင် ရခိုင်ပြောက်ကျားများ လှုပ်ရှားမှုပို၍ အားနည်းသွားကာ စိတ်ဓာတ်ကျလာပြီး ရပလဖ တပ်ဘက်မှ လက်နက်ချသော ပြော က်ကျားရဲဘော်လည်း အတော်များလာသည်။ နောက်ပိုင်း တွင် ပြောက်ကျားလှုပ်ရှားမှုများကို ကြားရမြင်ရမည် မဆိုထား နှင့် ပြောက်ကျားတယောက်တလေမျှပင် မမြင်ရသည် အ ထိ တော်လှန်ရေးသမားများ ငုတ်လျိုးပုန်းအောင်၍ နေကြရသော အခြေအနေသို့ ရောက်လာရာ ပြည်သူလူထုကြီးလည်း စိတ်ဓာတ် ကျလာသည်။ တော်လှန်ရေးအပေါ် တစ်ချိန်လုံးအားပေး လာသော လူထုကြီးသည် ရခိုင်ပြည်သူ့ လွတ်လပ်ရေးအဖွဲ့ချုပ် အပေါ် အားကိုးယုံကြည်မှု နည်းလာသည်။ နီးရာဒါးကို ကြောက်ရ သည်ဖြစ်ရာ အချို့လူထုသည် ဖဆပလ လက်အောက်သို့ပင် ခိုဝင်လာကြသည်။
ဗမာပြည်လက်နက်ကိုင်တော်လှန်ရေး၏ ဂယက်
ရခိုင်ပြည်တော်လှန်ရေးသည် အထက်ပါအတိုင်း ချုပ်ငြိမ်းလုမတတ် အခြေအနေကို ရောက်နေသော်လည်း ကူညီ အားပေးစရာ လုံးဝမရှိဖြစ်နေလေသည်။ တော်လှန်ရေးမစမှီ ဗမာပြည်ကွန်မြူနစ်ပါတီက ရခိုင်ပြည်တွင် တော်လှန်ရေးစသည် နှင့်တပြိုင်နက် သူတို့ကလည်း ချိန်ကိုက်သဘောမျိုး မြို့နယ် ၂၀ ကျော်တွင် တပြိုင်နက်ထဲ သူပုန်ထမည်ဟု ကတိပေးခဲ့သော် လည်း ရခိုင်တော်လှန်ရေးစ၍ တစ်နှစ်နီးပါးရှိလာသည့်အထိ တစုံတရာ မလှုပ်သေးခဲ့ပေ၊ သို့သော် ရခိုင်တော်လှန်ရေး ပြန် လည်နလံထူနိုင်ရေးအတွက် အသက်ရှုပေါက်တခု ပွင့်လာခဲ့ သည်။ ဤသည်မှာ အခြားမဟုပ် ၁၉၄၈ ခု မတ်လ (၂၈) ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီသည်လည်းကောင်း၊ ၁၉၄၉ ခု ဇွန်နဝါရီလ (၃၁) ရက်နေ့တွင် ကရင်အမျိုးသားတော်လှန်ရေး သည်လည်းကောင်း စတင်လာခဲ့သည်၊ မရှေးမနှောင်းသော ကာလတွင် ကရင်နီ၊ မွန်၊ ရှမ်းစသော လက်နက်ကိုင် တော် လှန်ရေးများသည်လည်း အလျှိုလျှိုပေါ်ပေါက်လာတော့သည်။
များမကြာခင် ကရင့်တော်လှန်ရေးတပ်များက ဗမာပြည်အနှံအပြာကို တိုက်ခိုက်သိမ်းယူနိုင်သည်သာမက ရန်ကုန်မြို့ကိုပင် ဝိုင်းထားနိုင်သည်အထိ အောင်မြင်မှုရလာသည်။ ဖဆပလ တပ်များမှာ ရန်ကုန်နှင့် ရန်ကုန်မြို့ပတ်ဝန်းကျင် နယ်မြေ အနည်းငယ်ကိုသာ ထိမ်းထားနိုင်ခဲ့သဖြင့် ထိုဖဆပလ အစိုးရအား ရန်ကုန် (၇) မိုင် အစိုးရဟူ၍ပင် သမုတ်လာကြသည်။ ဖဆပလ ရန်ကုန်အစိုးရသည် လက်နက်စသော အကူအညီရရေးအတွက် နိုင်ငံခြားတိုင်းပြည်များအား အကူအညီတောင်းပါသေး၏။ သို့သော် ဘယ်နိုင်ငံကမျှလည်း ထိရောက်သောအကူအညီမရ၍ ရခိုင်သူပုန်များအား ကျူပင်ခုတ်၊ ကျူငုတ်မကျန် ချေမှုန်းပစ်ရန် ဟူသော ကျော်ဇောစစ်ဆင်ရေးကို ရန်ကုန်သို့ ပြန်ခေါ်သွားရ သည်။ ကျော်ဇောစီမံကိန်းတပ်များပြန်သွားကာ ရန်ကုန်မြို့ကို ကယ်တင်လိုက်ရသည်ဟု ကြားသိရသည်။ အချို့က လည်း နောက်ပိုင်းမှ ဗကပ တပ်များဝင်တိုက်၍ ကရင်တပ်များ ဆုပ်ပေးလိုက်ရပြီး ရန်ကုန်အစိုးရ အသက်ရှုရှောင်သွားသည် ဟုဆိုကြသည်။
မည်သို့ပင်ဖြစ်စေ ကျော်ဇောစစ်ဆင်ရေး ပြန်သွားရ သဖြင့် ရခိုင်တော်လှန်ရေးကား ပြန်လည်ဆန်းသစ်လာသည်။ မကြာခင်ရက်ပိုင်းလောက်မှာပင် ရှေ့ပြည်မှ တော်လှန်ရေးအင် အားစုများက သာယာဝတီထောင်ကို ဖွင့်ပေးလိုက်ကြသဖြင့် ဆရာတော် ဦးစိန္တာနှင့် ဦးဖိုးသာဦးစသော ရခိုင်ခေါင်းဆောင် အားလုံးပြန်ရောက်လာရာ ရခိုင်လူထုကြီးမှာ နှစ်ပေါင်းများစွာ ကွဲနေသော မိဘနှင့်ပြန်တွေ့ရသကဲ့သို့ အပျော်ကြီးပျော်သွားကြ သည်။ သို့သော် မကြာပါချေ ပြည်သူလူထုကြီးပျော်ရွင်မှု အရည် ပျော်သွားခဲ့ရပြီ။ ဆရာတော်ဦးစိန္တာပြန်ရောက်လာ၍ ဆရာတော်ဘက်က တစုံတရာ အားနည်းချက်မရှိသော်လည်း တချိန်က ဆရာတော်ဦးဆောင်ခဲ့သော ရခိုင်ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ရပလဖ) အခြေအနေကားပြောင်းလဲခဲ့ပြီး၊ ဘုံပေါက် သာကျော်လည်း ဗမာပြည်ကွန်မြူနစ်ပါတီ (အလံနီ) လောင်းရိပ်မိ ကာ (ရပလဖ)မှ ခွဲထွက်ပြီး အလံနီပါတီထူထောင်သွားခဲ့ပြီ၊ ဘုံပေါက်သာကျော် ခွဲထွက်သွား၍ ကျန်ခဲ့သော (ရပလဖ) များမှာလူအင်အား လက်နက်အင်အားပါ ချိနဲ့ကျန်ခဲ့ရသည်။ ဆရာတော်ပြန်ရောက်သည်နှင့် ချက်ချင်း အကွဲအပြဲများကို ကမန်းကထန်း စုစည်းကြည့်သေး၏။ သို့သော် မရ၍ နောက်ဆုံး တွင် ဘုံပေါက်သာကျော်တို့အဖွဲ့အား (ရပလဖ) မှ လက်နက်ကိုင် တိုက်ရတော့သည်။ ရပလဖဘက် ကန်သွားသော ဘုံပေါက် သာကျော်မှာ လူထုထောက်ခံမှု မရတော့သဖြင့် ၁၉၅၄ ခု ရန်သူဖဆပလ အစိုးရထံ လက်နက်ချသွားရသည်။
ရခိုင်လူထုကြီးမှာ ဘုံပေါက်သာကျော် လက်နက်ချသွား ၍ ရပလဖ တဖွဲ့တည်း အေးတော့မည်ဟု မျှော်လင့်သော် လည်း အေးကားမအေးသေးပါ။ ထိုအချိန်တွင် ၁၉၄၈ ခု နှစ် လည်လောက်တွင် လက်နက်ပြန်ကိုင်လာသော ဗကပ (ရခိုင်တိုင်း) ကလည်း အတော်အင်အားစုဆောင်းလာခဲ့ပြီ၊ ထိုသို့သော အလံနီ အလံဖြူ ကွန်မြူနစ်ပါတီအတွေးဝင်လာ သဖြင့် ရဖလဖ မှာလည်း ယခင်ကဲ့သို့ တည်ငြိမ်မှု မရှိတော့ပေ၊ အလယ်အလတ်ခေါင်းဆောင်များ တဦးကိုတဦး ဘက်ကန်လာ ကြသည်။ နယ်မြေလုလာကြသည်။ ရာထူးလုလာကြသည်။ ဆရာတော် ဦးစိန္တာနာမေကို ဘမ်းပြ ရှေ့တန်းတင်ပြီး အုပ်ချုပ်ရေး ချ၊ ဘဏ္ဍာရေးကောက်လုပ်ကြသော်လည်း ရရှိလာသော ဘဏ္ဍာငွေများကိုကား ဆရာတော် ဦးစိန္တာအား တပြားတချပ်မျှ မအပ်ကြတော့ဘဲ ကိုယ်ကျိုးအတွက် သုံးလာကြသည်။ ဆရာတော် ဦးစိန္တာညွှန်ကြားမှုကိုလည်း လိုက်နာမှုမရှိ၊ မင်းမဲ့ ဆန်သော အပြုအမူများအထိ အတင့်ရဲကာ ပြုလုပ်လာကြသည်။ ဆရာတော် ဦးစိန္တာသည် မြောက်၍တဖုံ၊ ခြောက်၍ တမျိုး အမျိုးမျိုးထိမ်းကြည့်ပါသေး၏။ သို့သော် ထိမ်းမရရ သိမ်းမရဖြစ် လာရာ ဆရာတော် ဦးစိန္တာနှင့် ရပလဖ တဖွဲ့လုံး (ကျော်ဇံရွှီနှင့် တပ်စိတ်တစိတ်မှ အပ) ဒုတိယ ကမ္ဘာစစ်အတွင်းမှ စုထားခဲ့ သမျှသော လက်နက်ကြီးငယ် မြောက်များစွာဖြင့် မင်းပြားမြို့တွင် လက်နက်ချရသည့်အဖြစ်မျိုးသို့ ဆိုက်ရောက်သွားခဲ့သည်။
စစ်ကြို ခေတ်မှ စစ်ပြီးခေတ်ထိ တိုင်းပြည်နှင့် လူမျိုး အတွက် ကြံ့ကြံ့ခံတော်လှန်လာသော ဆရာတော်ဦးစန္တာ သည် တော်လှန်ရေးကဏ္ဍမှ နိဂုံးချုပ်သွားခဲ့လေပြီ၊ ဤသို့ နိဂုံးချုပ်သွားရခြင်းမှာ အထက်တွင် ဖေါ်ပြသကဲ့သို့ အဖွဲ့တွင်း ပိပက္ခကြောင့်သာဟုပ်မည်မထင် အခြားအကြောင်းလည်း ရှိပေ ဦးမည်။ ထိုအချိန်သည် ဗမာပြည်ဘက်မှာ လက်နက်နှင့် ဒီမိုကရေစီ လှဲသည်ဆိုသောစကား ခေတ်ထလာပြီး ဗမာပြည် ကွန်မြူနစ်ပါတီ ပြည်သူ့ရဲဘော်အဖွဲ့မှအစ အမျိုးသားတော် လှန်ရေး အဖွဲ့အစည်းအချို့ပါ အစုလိုက် အပြုံလိုက် လက်နက် ချနေကြသော အခါလည်းဖြစ်သည်။ ရခိုင်တိုင်းပြည်သူ့ရဲဘော် အဖွဲ့သည်လည်း ဗိုလ်စံသာကျော် ဦးဆောင်ပြီး တယောက်မကျန် လက်နက်ချလိုက်ကြသည်။
မည်သို့ပင်ဖြစ်စေ ဦးစိန္တာလက်နက်ချလိုက်ခြင်းသည် ရခိုင့်တော်လှန်ရေးကို များစွာထိခိုက်စေသည်။ ဦးစိန္တာလက်နက် ချသွားပြီးနောက် ကျန်ခဲ့သော ကျော်ဇံရွှီသည် ရခိုင်ပြည်ကွန်မြူ နစ်ပါတီ (အေစီပီ) ကိုလည်းကောင်း မောင်စီန်ညွန့်သည် ရခိုင်ပြည်အမျိုးသား လွတ်မြောက်ရေးပါတီ (ရမလပ) ကို၎င်း ထူထောင်၍ ရခိုင့်တော်လှန်ရေးကို အသက်ဆက်ပေးကြသေး၏။ သို့သော် ဗမာပြည်မှ မနေနိုင်၍ ခိုဝင်လာသော သခင်စိုး ဦးဆောင်သော အလံနီပါတီ၏ လှုပ်ရှားမှု ဂယက်ကြောင့် (အေစီပီ) နှစ်ခြမ်းကွဲရသည်။ နောက်ပိုင်းတွင် ထွန်ရွေမောင် ဦးဆောင်သော (အေအိုင်အေ) ရခိုင်ပြည်လွတ်လပ်ရေး တပ်မတော်၊ ခိုင်မိုးလင်း ဦးဆောင်သော ( အေအက်လ်ပီ) ရခိုင်ပြည် လွတ်မြောက်ရေးပါတီတို့လည်း ပေါ်ထွက်လာခဲ့၏၊ ဤပါတီအဖွဲ့ အစည်းအားလုံးလိုလို အမိရခိုင်ပြည်လွတ်လပ်ရေး အတွက် အားမာန်အပြည့်ဖြင့် ရုန်းကန်တော်လှန်တိုက်ပွဲဝင်နေ ကြသော်လည်း လက်နက်အင်အားချို့တဲမှု အခက်အခဲ၊ ရန်သူ မဟာလူမျိုးကြီးဝါဒီတို့ စီမံထားသော——

Read More
on Saturday, August 20, 2016