အထက်တွင် ဖေါ်ပြခဲ့သည့်အတိုင်း ၁၉၄၇-ခု နှစ် လယ်လောက်ကစခဲ့သော ပြည်တွင်းစစ်သည် ထိုနှစ်ကုန်ခါနီး တွင် အတော်အချိန်ပြင်းလာခဲ့သည်။ စက်တင်ဘာလ ရောက် လျှင် ပြောက်ကျားများဘက်မှ ကျေးလက်ဒေသတခုလုံးလိုလိုကို သိမ်းပိုက်နိုင်ခဲ့လေပြီ၊ ထို့ကြောင့် ပြောက်ကျားများ နည်းဗျူဟာ အနည်းငယ် ပြောင်းလာကာ မြို့သိမ်းတိုက်ပွဲများ စခဲ့သည်။ ထိုနှစ်အောက်တိုဘာလတွင် ရခိုင်ပြည်သူ့ လွတ်မြောက်ရေးအဖွဲ့ ချုပ်၏ ပြောက်ကျားတပ်များက မြေပုံမြို့ကိုလည်းကောင်း၊ ဒီဇင်ဘာလတွင် ဗမာပြည်ကွန်မြူနစ် ပါတီ (ရခိုင်တိုင်း) ပြောက် ကျားတပ်များက ပုဏ္ဏားကျွန်းကိုလည်းကောင်း၊ အသီးသီး ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။...
Read More